💖 7 💖

3.1K 253 25
                                    

Suho စုတ်​တချက်​သတ်​​၍ပင်​...​ခေါင်းတခါခါနဲ့..
စိုးရိမ်​​နေ​သောပုံ​လေးနဲ့ကို​ပြော​နေရတာ....

ကိုယ့်​ဟာကိုယ်​ မင်းသားလို့​တောင်​ထင်​မိ...
သရုပ်​​ဆောင်​ရတာ သိပ်​​ကောင်းသည်​...
Kim Jongin ဖြစ်​ပျက်​​နေ​သောမျက်​နှာသည်​...ပြို​တော့မဲ့မိုးလို...

သူineeeကိုစရတာ တကယ်​ကို​ပျော်​စရာပင်​~~~

"စိတ်​မ​ကောင်းဘူးကွာ..ineeeမင်း​ရောဂါက..."

suho hyung​ပြောမယ့်​စကားသံကိုနား​ထောင်​ရခြင်းသည်​...
ဆယ်​ခါပြန်​ပင်​​သေချင်​စိတ်​​ပေါက်​သည်​...​ပြောဖို့အ​ရေးကို...

"ရိုးရိုး​ခေါင်းကိုက်​တာပါကွာ...မင်းအလုပ်​​တွေအရမ်းလုပ်​လို့ ပင်​ပန်းလို့ဖြစ်​တာပါ....."

အဲ့တော့မှ သူရင်​ထဲကအလုံးကြီးကျ​တော့သည်​...
Suho hyungသည်​လူကိုစရတာ ​တော်​​တော်​ကြိုက်​ပုံပင်​...

"hyungအဲ့တာကို...ဘာလို့ဓာတ်​မှန်​ရိုက်​ရတာတုန်း...."

"လိုအပ်​မယ်​ထင်​လို့​ပေါ့ကွာ...ခု​နေသာ..လူပုစိတ်​တိုလာကြည့်​ပါလား...
ဘာ​ရောဂါဖြစ်​ဖြစ်​​သေချာ​အောင်​..ဓာတ်​မှန်​ရိုက်​ရမယ်​ဆိုတာ!! သိလား..မသိဘူးလားနဲ့..ငါ့ကိုလာ​ဟောက်​မှာ​လေ...အထူးသဖြင့်​ လူနာကမင်းဆိုပို​တောင်​ဆိုးဦးမှာ...သိလား..ငါ​လေ ကျောပူတာခံနိုင်​တယ်​..
အဲ့လူပုစိတ်​ရဲ့ ​လေသံကိုနားမ​ထောင်​နိုင်​ဘူး...မင်းသာနား​ထောင်​နိုင်​တာအံသြပါ့ "

မေးတာကနည်းနည်း​ပြောတာ မပြီးနိုင်​....
ZhangYixingတို့ ဘာကြည့်​ကြိုက်​မှန်းမသိ....
ကိုယ်​ရဲ့ hyungဆို​စကားမ​ပြောဘူး....
အငယ်​ကိုဂျီကျပြီးပဲ ​ကောက်​တာ

"hyung​ပြောလို့ပြီးပြီလား...ပြီးရင်​​လေ..ကျွန်​​တော့်​hyungဆီသွားမလို့ခင်​ဗျ..."

"ရွဲ့တာလား..​ကောင်​စုတ်​ရဲ့..သွား..​နောက်​တစ်​ခါငါဆီလာလို့က​တော့ ရိုက်​သတ်​မှာ...​သောက်​မြင့်​ကိုကတ်​တယ်​...မင်းတို့နှစ်​​ကောင်​က ငါ့ကိုဆိုဘယ်​​တော့မှ အကျိုးမ​ပေးတဲ့ဟာ​တွေ"

ဟော...ချက်​ချင်းကိုပင်​..ယုန်​တစ်​​ကောင်​စိတ်​ဆိုးပြန်​ပြီ...
ကိုယ်​​တွေသူငယ်​ချင်း​တွေရဲ့ ဘဝကိုသနားတယ်​....
ချစ်​တာက သူတို့ထက်​ကြီးတဲ့သူ​တွေ...
ကောက်​မယ်​ စိတ်​ဆိုးမယ်​ဆို...ကိုယ်​​တွေအငယ်​ကမဆိုးရဘူး...
တစိတ်​ရှိ အကြီး​တွေကသာစိတ်​ဆိုးစိတ်​​ကောက်​​နေကြတယ်​...
သနားစရာ ဘဝ​တွေပါလားဟယ်​....

Sweet is My Love (Completed )Where stories live. Discover now