တစ်လ့။
အချိန်များကတရွေ့ရွေ့ပင် လျင်လျင်မြန်မြန်ကုန်ဆုံးသွားသည်။ ကျွန်တော်ကြိုးကြိုးစားစားပင်ရှင်သန်နေထိုင်ပါ
သည်။ ရူးသွပ်တော့မတတ်တွေ့မြင်ချင်ပေမယ့်၊
အသက်ရှုရပ်တန့်တော့မတတ်လွမ်းဆွတ်တမ်းတရ
ပေမယ့် ကျွန်တော်အတတ်နိုင်ဆုံးသည်းခံကာ
နေ့ရက်တို့ကိုဖြတ်သန်းပါသည်။ကိုကိုလာခေါ်မှာပါ့။
ကျွန်တော့စိတ်ထဲ၊ ဦးနှောက်ထဲမှာထိုအတွေးမှလွဲပြီး
အခြားမရှိ။ ဖုန်းစခရင်မှကိုကို့ပုံတူကိုငေးကြည့်ကာ
အံတင်းတင်းကြိတ်ရင်းအသံတိတ်ငိုကြွေးခဲ့ရသည့်
ညတွေဆက်တိုက်ဖြစ်ပေမယ့်လို့၊ နေလို့ထိုင်လို့မရ
အောင်လွမ်းလာတိုင်း ရေချိုးခန်းထဲဝင် ရေပန်း
အောက်မှာ ကိုကိုဟုအဆက်မပြတ်အော်ခေါ်ရင်း
တိတ်တဆိတ်ဖြေသိမ့်ရတဲ့နေ့တွေများပေမယ့်လို့
ကျွန်တော်ကြံ့ကြံ့ခိုင်ပြီးစောင့်နေဆဲပါ။သည်အိမ်မှ ကျွန်တော်ခြေတစ်လှမ်းမှမခွာချင်ခဲ့၊
ကျွန်တော်ဒီနေရာမှာပဲရပ်စောင့်နေမယ်လို့ပြောထားခဲ့တာလေ။ကျွန်တော်ကတိတည်သလို ကိုကိုလည်းပဲ
ကတိမှာပါ။ ဒါ ကျွန်တော်နေ့စဉ်စားသုံးနေတဲ့အာဟာရဆိုလည်းမမှား။တစ်လှည့်စီလာနေကြသည့် ပါပါးနှင့်မေမေ့ကိုလည်း
အတတ်နိုင်ဆုံးကောင်းကောင်းမွန်မွန်ပင်ဆက်ဆံပါ
သည်။ယောကျာ်းတစ်ယောက်ကိုချစ်မိသည့် သူတို့သားကို စိတ်ရောဂါဝေဒနာသည်တစ်ယောက်ကဲ့သို့
ဆက်ဆံခြင်းကိုလည်း ကျွန်တော်သည်းခံပါသည်။
ကိုယ့်ကိုမွေးထားတဲ့မိဘပဲလေဟု ကိုကိုဆုံးမခဲ့ဖူး
သည်ကိုကျွန်တော်မမေ့သလို သူတို့စိတ်ကြည်နေမှ
ကျွန်တော်တို့နီးစပ်ဖို့ပိုလွယ်မည်ဟုလည်း မသက်
မသာတွေးခဲ့ဖူးသောကြောင့်ဖြစ်သည်။ကျောင်းစာတွေရော အပြင်သင်တန်းတွေကိုပါ
ကျွန်တော်ကြိုးကြိုးစားလေ့လာသင်ယူပါသည်။
မတော်တဆဖြစ်စေ ကိုကို့နားသို့ လေညှင်း
ဆောင်သွားသောကျွန်တော့သတင်းကြောင့် ကိုကို
ပြုံးနေဖြစ်အောင်ရည်ရွယ်ပါသည်လေ။နောက်တစ်ခုက ကျွန်တော်အခုလိုသင်ယူတတ်
မြောက်ထားသည့်အရာများက ကျွန်တော်နှင့်ကိုကို
အရာအားလုံးကို လက်ဗလာဖြင့်စတင်ရမည်ဆိုလျင်
လည်း ခပ်ပြုံးပြုံးဖြင့်စတင်နိုင်မည်
မဟုတ်ပါလား။ အချစ်တစ်ခုတည်းဖြင့် ပြီးပြည့်စုံနေမည်မဟုတ်သည်ကို ကျွန်တော်သိပါ၏။ ကျွန်တော့ဘက်က ပညာရွှေအိုးလေးဘောင်ဘင်မခတ်နေသည့်အခါ ကိုကို့လက်ကိုဆွဲလို့လောကကြီးကိုရင်ဆိုင်ရစတမ်းဆို
ကိုကိုလည်းယောကျာ်း ကျွန်တော်လည်းယောကျာ်း ဘယ်အရေးကိုမှုနေစရာလိုမလဲလေ။ ကျွန်တော်ဟာကိုကို့အတွက် ၀န်ထုတ်ဝန်ပိုးတစ်ခုမဖြစ်စေရ ဟုအခိုင်အမာပင်ဆုံးဖြတ်မိသည်။
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo
ဇာတ်လမ်း - ၄၇
Start from the beginning