အိပ်နေရာကနေ မျက်လုံးဖွင့်ဖို့ တော်တော်လေး အားယူလိုက်ရသည်.. မနေ့ညက တော်တော်ငိုထားတာမို့ မျက်လုံးက ဖောင်းအစ်နေပြီး မနည်း ဖွင့်နေရသည်...
မနေ့ညက Hyung နဲ့ တူတူပြန်လာပြီး Hyung ရင်ခွင်ထဲ တိုးအိပ်ခဲ့ပေမယ့်.. ခုတော့ ကုတင်ပေါ်မှာ သူတစ်ယောက်ထဲ အထီးကျန်စွာ...
အိမ်မက်ဆိုတဲ့ အသိက သူ့ရဲ့ရင်ကို ဓားနဲ့ မွှန်းလိုက်သလိုပင်
"Hyung..... ပြန်လာပေးမလားဟင်.. ကျွန်တော် တကယ်အဆင်မပြေဘူး"
အသံတိုးတိုးလေးနဲ့ ဒူးနှစ်ဖက်ကို ပိုက်ကာ ထပ်ငိုမိသည်.. မျက်လုံးတွေ မို့အစ်နေမှန်းသိပေမယ့် သူထိန်းမရတော့.. တအင့်အင့်နဲ့ ရှိုက်ကာ ငိုနေမိသည်...
"ချောက်... "
ရေချိုးခန်းတံခါးဖွင့်သံကြောင့် ငိုနေရာကနေ ခေါင်းထောင်ကြည့်မိသည်...
"ဟင်... Hyung.. "
သူ အမြန်ပင် ကုတင်ပေါ်ကနေ ခုန်ဆင်းကာ Hyung ရဲ့ ရေစိုနေတဲ့ ခန္ဓာကိုယ်ကို ပြေးဖက်လိုက်သည်... Hyung ကလဲ သူ့ကို ပြန်ဖက်ထားရင်း စိတ်ပူစွာ မေးခွန်းတွေ မေးနေလေသည်...
"Jimin.. ဘာလို့ ငိုနေတာလဲ.. ဘယ်နား နာနေလို့လဲ "
သူ ရင်ခွင်ထဲကနေ ခေါင်းကို ရမ်းပြကာ ဗလုံးဗထွေးနဲ့ ဖြေလိုက်သည်..
"ရင်ဘတ်ထဲက.. နာလို့.. Hyung ကို ပြန်တွေ့တာ အိမ်မက်ထင်လို့.. အီးဟီး... ဘာလို့လဲ.. ဘာလို့ နှစ်တွေကြာမှ.. ပြန်လာတာလဲ.. အင့်.. ကျွန်တော် ငိုနေရတာကို ပျော်နေတာလားဟမ်... ကျွန်တော့်ကို ငိုရအောင် လုပ်နေရတာ ပျော်နေတာလားလို့"
သူငိုလဲငိုကာ.. Hyung ရင်ဘတ်ကို တဘုန်းဘုန်း ထုရိုက်နေမိသည်... သူ့ကို ၆နှစ်တောင် ပစ်ထားခဲ့တာလေ.. ဒီလောက်တော့ သူရိုက်သင့်တယ် မလား
"Jimin.. Ah.. ကိုယ်နာတယ်... တော်တော့နော် "
တဘုန်းဘုန်းထုနေတဲ့ သူ့လက်တွေကို Hyung က ချုပ်ကိုင်ထားလိုက်ပြီး စောနကထက် ပိုပင် တိုးပြီး ဖက်ထားလိုက်သည်...
"Hyung... ကျွန်တော့်ကို နမ်း"
"ဟင်... ဘာလို့လဲ"