ဒါဆို.........

အိပ်ယာပေါ်က အလျင်အမြန်ဆင်းလိုက်သည်မို့ ခေါင်းထဲမိုက်ကနဲ ဖြစ်သွားသည်ကို သက်သာရန် နားထင်နှစ်ဖက်ကို ခပ်နာနာဖိရင်း တံခါးသွားဖွင့်လိုက်သည်။

မရဲတရဲမျှော့်လင့်ထားတဲ့ မျက်နှာလေးမဟုတ်ခဲ့သော်လည်း မထင်မှတ်ထားသည့် သူကို ပြန်တွေ့ရ၍ ဝမ်းသာသွားမိသည်ကတော့အမှန်။

မတွေ့ဖြစ်ဆို တစ်နှစ်ကျော်လောက်ကြာသည်အထိ မတွေ့ဖြစ်တော့သည့် သူငယ်ချင်းမလား။

"Kim Jongin?''

အိမ်ထဲ ခပ်တည်တည်ပင် ဝင်လာတဲ့သူကြောင့် ကိုယ်ကို အနည်းငယ်ဖယ်ပေးလိုက်သည်။ Jonginကတော့ ဂရုမစိုက် အိမ်ထဲပင်ရောက်ကာ ဧည့်ခန်းက ခုံပေါ်မှာ ခြေထောက်ချိတ် လက်ပိုက်ကာထိုင်နေသည်။

ခုမှပြန်တွေ့တဲ့ သူငယ်ချင်းဆက်ဆံရေးက အနည်းငယ်တော့ အေးစက်နေသည်။ အနေဝေးသွားရင် သူငယ်ချင်းတွေက အဲ့လိုပဲ အေးစက်သွားတတ်သည်လား Chanyeolမသိ။
Jonginဆိုတာ Chanyeolရဲ့စိတ်ကို အနားလည်ဆုံး သူတစ်ဦးပင်။ နောက်ပီး Chanyeolဘာလုပ်လုပ် ယုံကြည်ကာ အားပေးတတ်သောသူတစ်ဦးလည်းဖြစ်သည်။

မှတ်မိသေးသည်။ ကျောင်းတုန်းက Baekhyunကို အဖြေတောင်းတုန်းကလည်း Jonginအကူအညီ အများကြီးကြောင့်သာ အဖြေပြန်ရခဲ့သည်။

တစ်သက်လုံး ပတ်သက်လါသည့် အဖြူရောင်ပတ်သက်မှုကို Baekhyunဘက်က အရောင်မပြောင်းချင်ဟုဆိုကာ ပေကပ်နေခဲ့သည်ကို Jonginက ကြားဝင်ကူညီတာကြောင့် အဖြေပြန်ရခဲ့သည်။

Jonginပြောခဲ့သည်က Baekhyunမှမရလျှင် သေတော့မလိုဖြစ်နေတဲ့ မင်းကိုသနားလို့ ကူညီတာတဲ့။

နောက်ပီး Jonginက Chanyeolတို့ နှစ်ယောက်လုံးကို အလေးထားသည်မို့ အမြဲတမ်းသစ္စာရှိပီး အမြဲချစ်နေဖို့တော့ ကတိတောင်းခဲ့သည်။ ဒါပေမယ့် အရမ်းရှက်နေပုံ ရသော Baekhyun ကငြိမ်နေတာကြောင့် Chanyeolကပဲ စိတ်အားထက်သန်စွာ ကတိပေးခဲ့သည်။

ကျောင်းထဲက အရမ်းချစ်ကြပါသည်ဆိုသော အတွဲတွေထက် သည်းသည်းလှုပ်ပိုချစ်ခဲ့ကြသည့် Chanyeolတို့ကို ကြည့်ပီးကျေနပ်ခဲ့တာလည်း Jonginပဲဖြစ်သည်။

EX (Zawgyi+ Unicode)Where stories live. Discover now