တစ်နေကုန် အလုပ်လုပ်သာနေရမယ့် ကျောကမလုံ.. အာ့ သစ်ပင်နောက်ကနေ တစ်ယောက်ယောက်က ချောင်းကြည့်နေသလို ခံစားနေရသည်.. မဖြစ်သေးပါဘူး ဘုရားတရားလေး လုပ်အုန်းမှပါ..
Tae Hyung များ လမ်းမှားပြီး ဆိုင်ဘက်ရောက်လာလေမလားလို့ တွေးမိပေမယ့် ဆိုင်သိမ်းချိန်ထိ Tae Hyung ဆံပင်မွှေးတောင် မမြင်ရ.
အင်းလေ... ချစ်တဲ့သူနဲ့ ရှိနေရတဲ့ အချိန်ဆိုတာ တကယ် တန်ဖိုးရှိတာပဲ.. ဘယ်သူက ဖဲ့ပေးချင်ပါ့မလဲ... မနေ့ဖြန် ဆိုတာတွေက သေချာတာမှ မဟုတ်တာ.. လက်ရှိ အချိန်ကို တန်ဖိုးထားတတ်ဖို့ပဲလေ...
နှင်းတွေကျကာ အေးနေတဲ့ နေ့မို့ မျက်စိရှေ့ အတွဲလေးတွေက တစ်ယောက်ကို တစ်ယောက်ဖက်လိုက်နဲ့ လက်အေးမှာဆိုးလို့ လက်ကို ကိုင်ပေးလိုက်နဲ့... သူ့မှာတော့ coat က အိတ်ထောင်ထဲသာ လက်ထိုးထည့်ရသည်...
တစ်ယောက်တည်း အတွဲတွေကြား အီလည်လည်နဲ့ လမ်းလျောက်နေရင်း... ပန်းခြံထဲကို ရောက်သွား ခဲ့သည်..
ပန်းခြံထဲရောက်သွားတော့ Hyung သူ့ကို Noona နဲ့ သဝန်တိုပြီး ကလေးလို ထိုင်ငိုခဲ့တာ မျက်လုံးထဲ ပြန်မြင်လာတော့ နှုတ်ခမ်းက ပြုံးမိပေမယ့်.. ပါးပေါ် မျက်ရည်တစ်စကတော့ ဖြတ်သန်းသွားသည်...
နီးစပ်ရာ ခုံတန်းပေါ် ထိုင်ချလိုက်ပြီး အတွေးတို့ကို နယ်ချဲ့နေလိုက်သည်... လွမ်းတယ် Hyung ရယ်..
နှင်းတွေက ပိုပိုပြီး ကျလာတာကြောင့်လား မိုးချုပ်လာတာကြောင့်လား မသိ ပန်းခြံထဲ လူတွေတောင် ရှင်းလာသည်.. သူကတော့ ထသွားဖို့ရာ စိတ်ကူးမရှိသေး. အေးအေးနဲ့ Hyung ကို တစ်ဝကြီး လွမ်းလိုက် အုန်းမည်..
တွေးရင်း စိတ်တွေက Hyung ပျောက်ကွယ်သွားတဲ့ ညကို တွေးမိသည်.. Hyung ပျောက်ပြီးတာနဲ့ သူ့ကျောက ချယ်ရီပန်းအမှတ်လေးလဲ ပျောက်ကွယ်သွားခဲ့သည်.. Hyung နဲ့ ပတ်သတ်လို့ ဘာအမှတ်တရမှ မကျန်တော့တဲ့ အဖြစ်ကို တွေးမိတိုင်း.. သူရင်နာသည်..
သူ့ရဲ့ အဖြစ်က လွမ်းလို့ သူများတွေလို သွားပြီး စကားပြောစရာ အရိုးပြာတောင် မကျန်ခဲ့တဲ့ ဘဝ....
P-20 Ending <A>
Start from the beginning