တို့ဂုဏ်အင်...

Start from the beginning
                                    

သိပ်မကြာသောမိနစ်ပိုင်းအတွင်းတွင် အချိန်ပြောင်း
ခေါင်းလောင်းသံကိုကြားလိုက်ရလေ၏။
စာသင်ချိန်ကတည်းက တစ်ခုခုမေးချင်နေသောပုံနှင့်
ပါးစပ်တပြင်ပြင်ဖြစ်နေသော Chenအမူအရာကြောင့်
အတန်းလည်းပြောင်းရော… Sam Lee Teuk
တို့ အတန်းထဲကထွက်ချသွားသည်မှာ လှစ်ခနဲပဲ…။

ဆရာလည်းထွက်… Sehunလည်း အတန်းရှေ့
ချက်ချင်းပြေးတော့တာ…။
ဟုတ်တယ်လေ…သူ ဒီစာတွေကို မျက်စိထဲ တစ်စက္ကန့်
လေးတောင် ထပ်မထားချင်တော့ပါ…။
ဘယ်စာမျက်နှာမှန်းမသိဘဲ စာသင်နေရသောအဖြစ်
ကြီးကို ခံစားဖူးမှ နားလည်ပါမည်…။
(" အမယ် " ~~~
ဂျင်ကလည်ယပ်တောင်လေးတွေ၏ တအံ့တသြတသံ)

ကျောက်သင်ပုန်းပေါ်က စာတွေကို အားကြိုးမာန်တက်
ဖျက်နေသောOh Sehunအား အတန်းရှေ့တန်းက
ကျောင်းသူကျောင်းသားတွေ နားမလည်နိုင်သလို
ကြည့်နေကြသည်။ လက်ထဲက dusterလေးကို
သွားတော့မလုရဲပါဘူး… … …။
တရှူးရှူးတရှဲရှဲဖြစ်နေသော Sehunက ဘာကို
အခဲမကြေလို့မကြေနေမှန်းမသိ။

" မေ့ဆေးတွေ…မေ့ဆေးတွေ…
စာတွေက ငါ့အတွက်တော့ မေ့ဆေးတွေပဲ…၊
လောကကြီးနဲ့ တိခနဲခဏတာအဆက်အသွယ်ပြတ်သွား စေနိုင်တဲ့အရာတွေ… "

Sehun နှုတ်ခမ်းထက်မှနေလည်း စိတ်ဆိုးမာန်ဆိုး
ရေရွတ်နေသေးသည်။

" Samကလည်း ဘာလို့အဲ့သလောက်တောင်ရေး
ထားသလဲမသိဘူး… စာသင်တာလား… ကျောက်သင်
ပုန်းဆေးခြယ်ထားတာလားကို မသဲကွဲဘူး…
ရေးလည်းရေးနိုင်လိုက်တာနော်… "

နှုတ်ခမ်းတထော်ထော်နှင့် မျက်မှောင်ကြီးကြုတ်ကာ
ပြောနေသော Sehun အမူအရာကြောင့်…
အတန်းပေါက်ဝတွင်ရပ်ကာ အတန်းထဲဝင်ရန်ပြင်နေ
သော Siwon ခဏကြောင်အသွားသည်။
အဲ့ဒါမှ ပြဿနာ… သူက ဒီနေ့မှ လက်ချာအရှည်ကြီး
ရေးပေးရန်ရှိနေသည်… … …။

ကိုယ့်ဟာကိုယ်ရေးပြီး ကိုယ့်ဟာကိုယ်ဖျက်နိုင်တောင်
ဂျင်ကလည်တွေ၏ ပါးစပ်က ကြောက်ရသည်။
အခုတောင် Lee Teukကို ကျောက်သင်ပုန်းဆေး
ခြယ်သူအဖြစ် သတ်မှတ်ပေးလိုက်ပြီ။ သူသာ အများ
ကြီးရေးလျှင် နံရံဆေးခြယ်သူအဖြစ် ရာထူးများမြှင့်ပေး
လိုက်ကြလေမည်လား… … …။

ဂျင်​ကလည်​ Twelve [ZG + UN]Where stories live. Discover now