"ကိုယ့်မာမီတောင် ဒီလိုအိမ်အလုပ်တွေလုပ်တာမမြင်
ရဖူးဘူး တနေ့တနေ့ဘယ်သွားမယ်ဘာလုပ်မယ်
နဲ့ ၊ အလုပ်ရှုပ်နေတာပဲရှိတယ် အာ့ _____!!"နှစ်ယောက်သားမျက်နှာချင်းဆိုင်ပူးကပ်လို့ ခြေထောက်
ကိုအချက်ကျကျနင်းလို့ အိပ်ယာခင်းကြီးကိုလျှော်နေ
တုန်း ဆယ်ဟွန်းက သူ့မာမီအကြောင်းကိုအတင်းပြော
နေတုန်း ခြေချော်ကာယိုင်သွားတော့ ဘေးနံရံနဲ့ပုခူံး
နဲ့ဆောင့်မိတော့သည်။" အား !! အကျိုးသက်ရောက်မူကလဲမြန်လိုက်တာ"
ဆယ်ဟွန်းက ပုခုံးကိုဖိလို့ မျက်နှာကြီးရှုံ့ မဲ့ကာပြော
လေတော့ မင်ဆော့က အားရပါးရထအော်တော့သည်။"ဆယ်ဟွန်း !! ဘယ်လိုဖြစ်လို့ဆောင့်နင်းနေတာလဲ
စင်ကုန်ပြီကွ __ ရား!! အို ဆယ် ဟွန်း "" ထွက်သွားတော့ သွားတော့ သွား "
" အပြင်မှာအေးဆေးသွားနေတော့ !အိုဆယ်ဟွန်း
ငါ တကယ်စိတ်တိုလာပြီနော် "ရေချိုးခန်းထဲမှာ မင်ဆော့ရဲ့အသံတွေနဲ့ပဲ ဆူညံထွက်
ဘာတော့သည်။တဘုန်းဘုန်းနဲ့ထိရိုက်သံတွေကလဲ
တရစပ်ကိုထွက်ပေါ်လာတော့သည်။ ပြီးနောက်
ဆယ်ဟွန်းရဲ့အော်ဟစ်ရယ်သံတွေကထွက်လာပြန်
သည်။ အိပ်ယာခင်းကြီးပေါ်မှာ မင်ဆော့ကခြေစုံရပ်
ကာ ဘေးမှာတဟားဟားအော်ရယ်နေတဲ့ဆယ်ဟွန်း
ကိုမကျေမနပ်ကြည့်နေတယ်။ သူ့တကိုယ်လုံးနဲ့ရေ
တွေရွှဲရွှဲစိုလို့ ဆံပင်တွေအထိစိုရွဲကာ နေတယ်။
စိုရွဲနေတဲ့ဆံပင်တွေက နဖူးထက်မှာအချောင်းလိုက်
ကလေးတွေကပ်လို့ မျက်မှောက်ကုတ်ကာ ဆယ်ဟွန်း
ကိုအရေခွံဆုတ်ချင်နေပုံရသည်။ တီရှပ်အင်္ကျီအဝါ
လေးနဲ့ဒူးထိသာရှိတဲ့ဘောင်းဘီတိုအနက်ကိုဝတ်ထား
တဲ့မင်ဆော့က ကလေးလေးတယောက်ကိုမကျေမနပ်
နှာမှုတ်နေလေပြီ။ အိုဆယ်ဟွန်းကတော့သူ့ကိုကြည့်
ကာစိတ်ကြိုက်ကိုရယ်မောနေသည်လေ။
[ T W E L V E ]
Start from the beginning