အပိုင္​း (၂၄)

24.7K 1.5K 79
                                    

~~He~~ အပိုင်း (၂၄)

'ဒါနဲ့နေပါဦး‌ကိုခေတ်ရ ၊ ကိုသုနဲ့ကအဆင်ပြေသွားကြပြီလား ၊ဟိုကအဖြေပြန်ပေးပြီးပြီမလို့ ဒါတွေလာမေးနေတာလား'

ဟုတ်​တယ်​လေ​ ဒီမေးခွန်းကမေးရမယ်​ ၊ဒါ​မေးမှကိုဖြစ်​မှာ ။ဘယ့်​နှယ့်​..သုငယ်​ကိုပြန်လာ​ခေါ်ကြတဲ့အထိ​တောင်​နှစ်​ယောက်​သားကချစ်​ကြိုက်​နေကြတဲ့ပုံမှမဟုတ်​သေးတာပဲကို ။ ခုကျ ကိုခေတ်ကမသိရင် ညတွင်းချင်းပဲအကောင်အထည်ဖော်တော့မယ့်ပုံစံနဲ့အသည်းအသန်ကိုမေးနေတာ။ အမှန်ဆိုဒါမျိုးက အရင်တည်းကဖြေးဖြေးချင်းလေ့လာထားသင့်တာကို ။

'အ​ဖြေ​တော့မ​ပေးရ​သေးပါဘူး၊ ဒါ​ပေမယ့်သုထက်ကငါနမ်းတုန်းကမရုန်းဘူးလေကွာ၊ ငြိမ်ငြိမ်လေးနေပေးတယ်'

'အဲ့ဒါနဲ့ပဲ စိတ်​ကြီး​တွေမဟားဒယားဝင်​ပြီးကျွန်‌တော့်ကိုလာ​မေးတယ်​ဆိုပါ​တော့ '

'ဒါ​ပေါ့ ဒီညကိုအ​ကောင်​အထည်​ဖော်​ပစ်​ရ​ကောင်းမလားစဉ်းစားနေတာ'

အား.. တကယ်ကြီး ညတွင်းချင်းကိုညတွင်းချင်းဖို့လုပ်နေတာပဲ ။

'အဲ့​တော့ကို​ခေတ်​က ခုန​ကကျွန်တော့်ကိုမေးထားတာ​တွေ​သေချာသိသွားပြီလား'

'မသိ​သေးဘူး​လေ ၊မသိလို့မင်းကိုလာမေးနေတဲ့ဟာကို'

ဒီအူတိအူကြောင်ယောက်ဖအစ်ကိုကြီးကြောင့် သုငယ်တော့တကယ်သွေးတက်ပြီးသေတော့မယ်ထင်တယ်။

'မသိ​သေးပဲနဲ့များဗျာ၊ နည်းနည်းပါးပါးသိ​အောင်​အရင်​ကြိုးစားပါဦးလားကိုခေတ်ရ ၊ နမ်းတာနဲ့အဲ့ဒါကလုံး၀တူမနေဘူးနော် ၊ နမ်းတာကိုလက်ခံတာနဲ့ပဲ ဘာမှမပြင်မဆင်သွားလုပ်လို့မရဘူး ၊ ပထမဦးဆုံးအကြိမ်​မှာများ ဦးကျိုးသွားခဲ့ရင်​ကို​ခေတ်​အိမ်​ထောင်​သည်​လူပျိုကြီးတစ်​သက်​လုံးဖြစ်​သွားနိုင်​တယ်​သိရဲ့လား '

'မင်းကလည်းကွာ..ဘာမှ​တောင်​မလုပ်​ရ​သေးဘူး စိတ်​ဓာတ်​ကျ​အောင်​ကစပြော​နေ​ပြန်​ပြီ'

'​သြော်​..ခက်​ပြီ​ကော ကျွန်​တော်​ကအ​ကောင်းနဲ့​ပြောပြ​နေတာ ။ကို​ခေတ်​ကဘာ​တွေ​လော​နေတာလဲ ၊ကိုယ့်​ခြံထဲကကြက်​ပဲ ဘယ်​အချိန်​ဖမ်းစားစားဟာကို'

♥ သူ♥ //COMPLETED//Where stories live. Discover now