အပိုင္​း(၄)

29.5K 2.4K 61
                                    

~~He~~ အပိုင်း(၄)

ညဘက်​ကို ဘယ်​အချိန်​အိပ်​အိပ်​မနက်​၇နာရီဆိုသည်နှင့်အကျင့်​ပါ​နေသည့်ခေတ်သစ်၏မျက်​လုံးအစုံက အလိုလိုပွင့်​လာပြီဖြစ်သည် ။ပုံမှန် အိပ်ရာကနိုးချိန်တွေဆိုလျှင်အိပ်ချင်မူးတူးနှင့်ထပြီးအလုပ်သွားဖို့ပြင်နေကျဆိုပေမယ့် ဒီမနက်မှာတော့ဖြင့်နိုးနိုးချင်းလူကိုသူပိုင်​ဖက်​ခေါင်းအုံးလိုအားရပါးရခွအိပ်​နေသည့်သုထက်ကို မြင်​လိုက်​ရတာမလို့ ခေတ်သစ်ရင်ထဲတွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲလှည့်သွားတော့သည်။ ခုနေများသူ့မျက်နှာသူမှန်ထဲတွင်ကြည့်မိလျှင် သကြားရည်ဆမ်းထားသလိုချိုရဲနေမည့်စပ်ဖြဲဖြဲမျက်နှာကြီးကိုမြင်ရမှာဖြစ်သည်။

ညကတစ်ညလုံးနီး‌ပါးခေတ်သစ်အိပ်၍မပျော်နိုင်ခဲ့သည်မှာ အိပ်မောကျနေသည့်သုထက်၏မျက်နှာလေးကိုမျက်တောင်မခတ်တမ်းငေးကြည့်မိနေခဲ့ခြင်းကြောင့်ဖြစ်သည်။ သုထက်ကိုပိုင်ဆိုင်ခွင့်ရလိုက်ခြင်းအားမယုံကြည်နိုင်သေးသောခံစားချက်သည်လည်းသူ့ကိုတော်တော်နှင့်အိပ်မပျော်စေခဲ့ပေ။

အရင်တုန်းကအိပ်ရေးပျက်ပြီဆိုလျှင်တစ်နေကုန်လေးလံထိုင်းမှိုင်းနေတတ်သည့်ခေတ်သစ်က ဒီနေ့မနက်မှာတော့ပုံမှန်နေ့ရက်များထက်ပင်လန်းဆန်းတက်ကြွနေတာကြီးကတော့ထူးဆန်းလွန်းပါ၏။ ချစ်ရသူကိုရင်ခွင်ထဲထည့်သိပ်ပြီးအိပ်စက်ခွင့်ရခဲ့ခြင်းကြောင့်ပင်ဖြစ်မည်ထင်သည်။ ဒီလိုမနက်ခင်းတွေကိုသူမကြာခဏစိတ်ကူးယဉ်ကြည့်ခဲ့ဖူးပေမယ့်လည်း လက်တွေ့ကပိုပြီးကြည်နူးရကြောင်းကိုမူတကယ်ကြုံတွေ့ရမှသာသိခွင့်ရလိုက်ချေသည်။အိပ်မောကျနေဆဲသုထက်၏ပါးဥဥလေးများက အနမ်းပေးဖို့ရန်ခေတ်သစ်ကိုညှို့အားပြင်းပြင်းနှင့်ဆွဲဆောင်နေကြလေရာ ထိုညှို့အားကိုခေတ်သစ်မလွန်ဆန်နိုင်စွာစောစောစီးစီးအနမ်းသူခိုးလုပ်လိုက်မိသည်။

'မောနင်း ဘေဘီ'

သုထက်ပါးပြင်ထက်ကိုကြွေဆင်းခဲ့သည့်အကြင်နာဖွဖွသည်မြတ်နိုးရခြင်းအတိပြီး၏။

'​သောက်​က​လေး​လေး ချစ်​လိုက်​တာကွာ'

သုထက်ကိုအသည်းတယားယားနှင့်ဖြစ်ညှစ်ဖက်ထားမိပေမယ့် နိုးသွားမည်ကိုတော့ဖြင့်နည်းနည်းလေးမျှခေတ်သစ်မစိုးရိမ်မိပါချေ။ သုထက်သည်ကာလနဂါးနှင့်သွေးမတော်သည့်ဆွေမျိုးရင်းချာဖြစ်ကြောင်းကို ငယ်ငယ်ကတည်းကကျောင်းတက်ရန်သွားနှိုးနေကျအတွေ့အကြုံအရသိနေခဲ့သောကြောင့်ဖြစ်သည်။ ဒီကလေးလေးက သူအိပ်နေပြီဆိုလျှင်သူ့ကိုဘာလုပ်လုပ်ဘာမျှမသိတော့သည့်အိပ်ပုတ်ကောင်ကလေးပင်ဖြစ်၏။

♥ သူ♥ //COMPLETED//Where stories live. Discover now