ထိုသို့သော အကြောင်းရာတွေနဲ့ စကားများသည်မှာ တစ်ညလုံး ။ Baekhyunဘက်က ဖုန်းပိတ်သွားမှသာ ရန်ဖြစ်တာပီးသွားခဲ့သည်။ Baekhyun ဘက်က ဖုန်းပိတ်လိုက်တာနဲ့ ပီးသွားပေမယ့် စိတ်တိုပီးကျန်ခဲ့တာ Chanyeolပင်။

စိတ်တိုလွန်း၍ တစ်ညလုံးအိပ်မရသည်ထိ။ မနက်ရောက်တော့ NaNaနဲ့ ပြသနာထပ်တက်သည်။

သူတစ်ညလုံး ဖုန်းဆက်တာ မရလို့ ဘယ်သူနဲ့ဘာတွေ ပြောနေရလို့ သူ့ဖုန်းကို မကိုင်တာလဲ လာရစ်နေတော့ Baekhyunအပေါ် မကျေနပ်တဲ့ စိတ်တွေကို NaNaပေါ် ပုံချကာ အော်လိုက်မိသည်။

စိတ်တိုသည်ကတစ်မျိုး အိပ်ရေးပျက်ထားသည်က တစ်မျိုးမို့ ဘာကိုမှစိတ်မကြည်။

စိတ်ဆိုးပီးထွက်သွားသည့် NaNa ကိုလည်းလိုက်မချော့ဖြစ်။

ခုမှ အသည်းအသန်ချော့ထားရကာ တစ်နေ့လုံး အချိန်ပေးမည်ဟု ကတိပေးထားရသည်။

.....

ပေါ်လာတဲ့ notiကို လက်မလေးနဲ့ တစ်ချက်ဖိလိုက်သည်။

တင်ထားတဲ့ ပုံက အငွေ့တွေထနေတဲ့ ရေပူကန်လိုမျိုးမှာ ရေစိမ်နေသည့်ပုံကို နောက်ကျောဘက်က ရိုက်ထားခြင်း။

caption က #happy-go-lucky

သေချာတာက ရေကန်ထဲက တစ်ပိုင်းတစ်ဆပေါ်နေတဲ့ ကျောပြင်က Baekhyunလုံးဝမဟုတ်။

ဆံပင် အကြေနဲ့မို့ သေချာသလောက်က ဟိုနေ့ကပါသည့် Boss ဆိုတဲ့သူဖြစ်ဖို့များသည်။

ig story ပါဖိကြည့်တော့ ဖဲကြိုးချည်ထားတဲ့ ရှိန်ပိန်နှစ်ခွက်ကို တိုက်နေတဲ့ပုံ။

Chanyeolယောင်မှားကာ မတ်တပ်ရပ်မိသည်အထိ။

ဘာလဲ သူတို့်နှစ်ယောက်ထဲ သွားတာလား?.....

'ဘာဖြစ်လို့လဲ ကို...'

NaNa မေးမှ အသိဝင်ကာ ပြန်ထိုင်လိုက်ရသည်။

"အာ...ဘာမှမဟုတ်ဘူး ''

Baekhyun accကို ဝင်လိုက်တော့ အရင်က following 30 သာ ရှိပေမယ့် အခုတော့ 32ဖြစ်နေသည်။

EX (Zawgyi+ Unicode)Where stories live. Discover now