စိတ္တဇ ပန်းချီကား - 1

1.2K 114 31
                                    

Zawgyi

Eye Liner ​လေး​တွေ ​Eye Shadow ​လေး​တွေ
ငါ့အသည်း​ပေါ်ဖိတ်​​ကျသွားတယ်​။

မပီပြင်​ဝိုးတဝါး စင်​​ယော်​​တောင်​မျက်​ခုံး၂မျှင်​ရယ်​~~

မျက်​ရစ်​မရှိ​ပေမဲ့ ​မှေးစင်းပီး liner နဲ့ shadowတို့ကို
ပနံရ စွာ ခြယ်​မှုန်းထားတဲ့မျက်​ဝန်း၂စုံရယ်​ ~~

သေး​ကွေးနုဖက်​လွန်းတဲ့ မျက်​မှာပြင်​ငယ်​ရယ်​ ~~

ချယ်​ရီသီး​လေးများ ဖိတ်​ထားတဲ့ နှုတ်​ခမ်းပါးတို့ရယ်​ ~~

ဒီမျက်​နှာပြင်​ငယ်​ပိုင်​ရှင်​သည်​ ​သေချာ​ပေါက်​ ​ယောကျာ်းတ​ယောက်​...
ယောကျာ်းတန်​မဲ့ လှရက်​လွန်းလို့ မိန်းမ​တွေ ဆယ်​ဗန်းရှုံးလိမ့်​မည်​။

လွန်​စွာ စွဲမက်​ဖွယ်​​ကောင်း​သော ပိုင်​ရှင်​မသိ သူတ​ယောက်​အား ရူးမူးစွာ တပ်​မက်​မိပါသည်​။

ကလင်​~~~ ကလင်​ ~~~ကလင်​ ​~~~

မနက်​ ၆နာရီ

ချွေး​တွေ တကိုယ်​လုံးစိုပြီး လန့်​နိုးရတဲ့ည​တွေ မနဲမ​နောပါဘဲ...
ဘာရယ်​​တော့မဟုတ်​..အရာတခု​ပေါ် အရူးအမူးဖြစ်​တတ်​တဲ့ကိုယ့်စိတ်​​ကြောင့်​ စိတ်​ဆွဲ ပြန်​သည်​ဟူထင်​မှတ်​လိုက်​သည်​။

အိပ်​ယာ​ဘေးနားက ဆွဲလက်​စ ပန်းချီကား​လေးက မနက်​ခင်းအရုဏ်​တက်​ချိန်​မှာ​တောင်​လင်းလက်​​နေတယ်​။

ရေခဲ​သေတ္တာထဲက ​ရေတဗူးကို ထုတ်​ပြီး မနားတမ်း ​မော့​သောက်​လိုက်​တာ​တောင်​ ​မောပန်းမှုက ​ပျောက်​မသွား​သေး..

ခေါင်း​နောက်​ကျကျိဖြစ်​​နေတာနဲ့ဘဲ ဝရံတာထွက်​ပြီး လိုက်​ကာ ကို အသာ​လေး ​လှန်​ပြီး ပတ်​ဝန်းကျင်​ ရဲ့ ​လေကိုသာ ရှုရှိုက်​လိုက်​​တော့တယ်​။

အရုဏ်​တက်​ချိန်​မို့ မြူ​မှုန်​​တွေ ပိန်း​ပေါက်​​နေသည့်
မြင်​ကွင်းကို မျက်​စိ​လေးမှိတ်​ပြီး ​လေတချက်​ရှူသွင်းလိုက်​သည်​။

ဝှါး....မင်းက သိပ်​လှလွန်းတယ်​။

ရှူရှိုက်​​နေတာ ​လေ ​ပေမဲ့ မြင်​​ယောင်​​နေတာ သူ့မျက်​နှာပြင်​ငယ်​~~

စိတ္တဇ ပန်းချီကားWhere stories live. Discover now