A

226 16 2
                                    

-ဂျီမင်

လေယာဉ်ကွင်းထဲမှာ ထိုင်နေရင်း ဘေးက ဂျောင်ကု က ကျွန်တော့ဘက်ကို camera ချိန်ထား
ပြီး စကားလှမ်းပြောတယ်

-ပြောလေ ဂျောင်ကု

-Tokyo ကိုခရီးထွက်ဖို့ အဲ့လောက်တောင်စိတ်လှုပ်ရှားနေတာလား

သူက camera ကိုင်ထားရင်း ကျန်လက်တစ်ဖက်နဲ့ ကျွန်တော်ဆံပင်ကို လှမ်းသပ်တယ်

-အကို လေယာဉ်စီးရမှာကြောက်တာ ဂျောင်ကုလဲသိရဲ့သားနဲ့

အဲ့ဒီ့အခါ ကျွန်တော့ နားရွက်ဖျားလေးတွေကို လက်နဲ့ခပ်ဖွဖွပွတ်ရင်း သူက ပြောတယ်

-ကြောက်ရင် ကျွန်တော့ကို ဖက်ထားပေါ့

-ဂျောင်ကုကိုဖက်ထားရင် အကို့ကို လူတွေကဝိုင်းကြည့်နေကြမှာပေါ့

-ကြည့်လဲ ဘာဖြစ်လဲ ကျွန်တော်ကကွယ်ပေးထားမှာပေါ့

ဟု ပြောကာ ကျွန်တော့နဖူးထက်က ဆံပင်လေးတွေကို ငုံ့နမ်းသည် ကျွန်တော်ကလဲ သူ့ကိုပြန်လည်ပွေ့ဖက်လိုက်သည်

အဲ့ဒီ့အချိန်အထိ အရာအားလုံး လှပနေဆဲ

A Quiet Heart

ဂျောင်ကုက နာမည်ကြီး လူငယ်ဓာတ်ပုံဆရာDirectorတစ်ယောက်
ကျွန်တော် ပတ်ဂျီမင်ကတော့ သူ့ရဲ့ချစ်သူ
Korea နိုင်ငံ SBS ရုပ်သံဌာနက ဝန်ထမ်းတစ်ဦးပေါ့

ဂျောင်ကုနဲ့ ကျွန်တော်က 2 နှစ်ကွာသည် သို့သော် ကျွန်တော့ကို ဂျီမင်လို့ပဲခေါ်လေ့ရှိသည်

-ဂျီမင် အခု ကျွန်တော့်ရိုက်ကွင်းပြီးရင် အရသာရှိတာသွားစားကြမယ် သိလား

အခု Tokyo ကို ဂျောင်ကုက အလုပ်ကိစ္စနဲ့လာ
ခြင်းဖြစ်ရာ ကျွန်တော်က အဖော်လိုက်လာခြင်းသာ..

-ဂျောင်ကု အကိုတစ်ယောက်ထဲမြို့ထဲပတ်ကြည့်လို့မရဘူးလား ဒီအနီးအနားလေးပဲဖြစ်ဖြစ်

ကျွန်တော့ကိုစိတ်မချတတ်တဲ့ ဂျောင်ကုစိတ်ကိုသိသော်လည်း ရလိုရငြားမေးကြည့်မိသည်

-ဂျီမင် ကျွန်တော်တို့ လေယာဉ်ပေါ်မှာထဲက အဲ့ကိစ္စပြောပြီးသားနော် ကျွန်တော့နားမှာပဲအမြဲနေရမယ် မဆိုးနဲ့ ကျွန်တော်မကြိုက်ဘူး

A Quiet HeartWhere stories live. Discover now