ခုလောလောဆယ်တော့.. မျက်စိရှေ့က နီနေတဲ့ မီးပွိုင့်ကြီး မစိမ်းပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ်.. ဘာမှမဆိုင်တာတောင် ဒီလောက် ထင်တိုင်းကြဲပီး စိုးမိုးနေတာ.. လက်များထပ်မိလိုက်လို့ကတော့ မတွေးရဲစရာပဲလေ..

Baek: ဟူး......

♥♥♥♥♥♥♥♥♥♥♥♥

Makeup room ထဲမှာ အလှပြင်ခံနေပေမယ့် လူက စိတ်မပါ.. ဘေးက ထိုင်ကြည့်နေတဲ့ သူ့ကြောင့်.. နေရခက်လှတယ်..

မမြင်ချင်ယောင်ဆောင်နေပေမယ့်လည်း မလိုက်မသိတဲ့ မျက်လုံးက သူ့ကို ခဏခဏသွားသွားကြည့်မိနေတာ.. မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတဲ့ သူ့မျက်လုံး စူးရှရှတွေနဲ့ အကြည့်ချင်းဆုံတိုင်း လန့်လန့်သွားတာမို့ မကြည့်တော့ဖို့ ဆုံးဖြတ်ပီး မျက်လုံးကို စုံမှိတ်ထားလိုက်တော့တယ်..

Yeol: Baek.. ကိုယ်အပြင်ထွက်တော့မယ်.. ဖာသာနဲ့လည်း ခဏတွေ့မလို့.. ပွဲစခါနီးရင် လူလွှတ်လိုက်မယ်..

Baek: အင်း..

မျက်လုံးမဖွင့်ဘူးလို့ ဆုံးဖြတ်ထားတာမို့ မြန်မြန်သွား ပီးရောဆိုပီး ဖစ်သလိုပဲ ပြန်ဖြေလိုက်တယ်..

Yeol: ခဏလောက်..

ရုတ်တရက် သူ့အသံကြီးက အနားရောက်လာမို့ ဆတ်ခနဲ မျက်လုံးဖွင့်ကြည့်လိုက်တယ်.. သူက makeup artist တေကို ခဏဘေးဖယ်ခိုင်းနေတာပင်.. ဘာလုပ်တာပါလိမ့်..

Yeol: တခါလောက်.. ယုံကြည့်မယ်.. ကိုယ့်ဘဝနဲ့ လဲပီးတော့လေ..

Baek: ဘာတေပြောနေတာလဲ..

အလေးအနက်ကြီး ပြောနေတဲ့ သူ့ပုံစံကြောင့် နားမလည်စွာ ပြန်မေးလိုက်တော့ သူက ပြုံးနေတယ်.. ခါတိုင်းအပြုံးတွေနဲ့မတူပဲ တခုခုထူးဆန်းနေသလိုပင်..

Yeol: ကိုယ်စောင့်နေမယ်..

Chanyeol ကတော့ ပြောစရာရှိတာပြောပီး.. နှဖူးကို တချက်နမ်းကာ ထွက်သွားတယ်.. Baekhyun မှာသာ နားမလည်ခြင်းများစွာနဲ့...

♥♥♥♥♥♥♥♥♥♥♥♥

Baek: ဒီလို လာစောင့်နေကြတော့.. ဘယ်ကနေ ပြေးရတော့မလဲ.. Drama ကားတွေထဲကလို ခန်းမထဲရောက်မှ.. မင်္ဂလာဝတ်စုံကြီးနဲ့ ထွက်ပြေးလိုက်ရမလား..

°°Toy°°  [COMPLETED]  (Z+U)Unde poveștirile trăiesc. Descoperă acum