Chapter 18

4.5K 325 54
                                    

ဆေးရုံကနေပြန်ရောက်ရောက်လာချင်း လူက အရမ်း ကို ပင်ပန်းလွန်းသည်မို့  ဘာမှမတွေးတောဘဲ အိပ်ယာထဲတွင်ထိုးအိပ်ခဲ့သည်။ သူမနဲ့အဆင်မပြေခဲ့စဉ်က
အိပ်ရေးပျက်ထားတဲ့ ညတွေ များလွန်းသည်မို့ အခု
ုချိန်လေးမှာ အတိုး ချပြီး အိပ်ချင်သော်လည်း ညက
ပြတင်းပေါက် မပိတ်ဘဲ အိပ်ခဲ့တာကြောင့် တိုးဝင်လာသည့် လေအေးအေး တစ်ချို့ကိုခံနိုင်ရည်မရှိ။

ဆောင်းလေ အေးအေး ဖြစ်သည် မို့ စောင်ခြုံသော်
လည်းမရ ။စောင်ကြားထဲကပင်တိုးဝင်လို့အေးနေ
သည်။ အိပ်နေရင်း မျက်ခုံးနှစ်ဖက် ကို တွန့်ချိုးကာ ပွနေသည့် ဆံပင်တို့ကို တစ်ချက် လက်ဖြင့်ဖွ ၍ ပြ
တင်းပေါက်ထပိတ်မိသည်။ ခေါင်းရင်းတွင်ထားထားသည့် နာရီကို ကြည့်မိတော့ 7:30 ။

ဆေးရုံသို့ပြန်သွားရန်အတွက် အိပ်ယာ မှထကာ ရေချိုးခန်းထဲသို့ဝင်၍ ရေမိုးချိုး နေစဉ် အိပ်ယာပေါ်
တွင် တင်ထားသည့် ဖုန်းက တစ်တီ တီ မြည်နေသည်မှာ အဆက်မပြတ်။ခေါင်းလျှော်လက်စဖြစ်သည်မို့
ဖုန်းသံကို လစ်လျူရှုကာလုပ်လက်စအလုပ်ကိုသာ
ပြီးအောင် လုပ်နေမိသည်။

ရေချိုးပြီးထွက်လာတော့ တစ်တီတီမြည်နေတဲ့ဖုန်းက သူမဟုတ်သလိုပင် တိတ်ဆိတ်လို့နေသည်။ ခေါင်းသုတ်လက်စ ဖြစ်သည့် သဘတ်ကို ပခုံးပေါ်တင်ကာ ဖုန်းကိုယူကြည့်မိတော့ ခုနကမြည်သောအသံသည်
ဖုန်းလာ၍ မည်သော အသံမဟုတ်။

သူမ၏ မွေးနေ့ date ကို မှတ်ထားသောကြောင့် အ
လန်းပေးသည့် အသံဖြစ်သည်။ အခုတလော စိတ်တွေ အရမ်းရှုပ်ရတာကြောင့်သူမ၏ မွေးနေ့ကို တောင်မ
မှတ်မိချေ။ သတိပေးသော ဖုန်းကိုပင်ကျေးဇူးတင်ရမလို။

မခြောက်သေးသော ခေါင်းကို ခပ်မြန်မြန်သုတ်၍ ရေခဲ
သေတ္တာကိုဖွင့်ကြည့်မိသည်။ သူမ၏ မွေးနေ့ဖြစ်တာမို့
မီယောဂု လေးတော့ သူမကိုလုပ်ကျွေးသင့်သည်။
ရေခဲသေတ္တာ ထဲ စုံနေအောင် မွှေနှောက်ရှာ မိတော့
အောက်ဆုံးအံထောင့်ဆုံးတွင် နှစ်ထုပ်ပူးတွဲ လျက်
ရှိနေသော ရေညှိထုပ် နှစ်ထုပ်။

ထိုရေညှိနှစ်ထုပ်ကိုယူ၍ ကတ်ကြေးဖြင့်ဖောက်ပြီး
ရေမချိုးခင် ကောဖီသောက်ရန်တည်ထားသည့်
ရေ နွေးအိုးထဲသို့ပစ်ထည့်ကာ ခြောက်သွားပြီဖြစ်
သည့် ဆံပင်တို့ကိုသပ်သပ်ရပ်ရပ်ဖီး။ အဖြူရောင်
လက်ရှည်တစ်ထည်နှင့် အနက်ရောင်ကုတ်ကိုဝတ်ကာ ဆေးရုံသို့ပြန်သွားရန် လိုအပ်လောက်မည်ဖြစ်သည့် အဝတ်အစားတစ်ချို့ကို ပုံးသေးသေးလေးထဲသို့
ထည့်နေမိသည်။

Just One Day (Completed)Where stories live. Discover now