Chapter 17

4.6K 339 60
                                    

တံခါးကိုခပ်ကြမ်းကြမ်း ပိတ်ကာ ထွက်သွားသည့်
မောင့်ကိုကြည့်၍ စိတ်ထဲတွင် တစ်ခုခု စိုးရိမ်နေသလို။ မောင့်ကို ဆုံးရှုံးရတော့မလို စိတ်ထဲဖြစ်လာတာ
ကြောင့်ရင်ထဲတွင်ပူလာသည်။ ကုတင်ဘေးနား
အောက်ဖက်တွင် ထားသည့် ရေခဲသေတ္တာ အသေး
လေးထဲမှရေအေးအေးလေးတစ်ဗူးကိုယူကာ ရေ
ထည့်သောက်ရန် ခုံပေါ်တွင် တင်ထားသည့် ခွက်ကို လှမ်းယူမိတော့ …

"ခွမ်း"

ဖြူဖွေးစွာတည်ရှိနေသော ဆေးရုံကြမ်းခင်းပေါ်တွင်
ပွစာကြဲသွားသော ဖန်စတစ်ချို့  ။ ထိုဖန်ကွဲစတို့ကို
ကြည့်၍ မောင့်အတွက် ပူနေသည့် စိတ်တို့မှာ
ပို၍ ပင်ပူလောင်လို့လာသည်။

ကိုင်ထားသည့် ရေဘူး ကိုဘေးချကာ အခန်းအပြင်
သို့ အလောတစ်ကြီးထွက်လာခဲ့မိသည်။ ဆေးရုံ၏
အောက်ဆုံးအထပ်တွင်ရှိသည့် ဟောခန်းတွင် ရှုပ်
ထွေးလှသော လူအများထဲမှမောင့်ကို လိုက်ရှာနေမိ
သည်။ရှေ့နောက်လှည့်ကာ လူအများကြား မူး
နောက်နေအောင် လိုက်ရှာသော်လည်းမောင့်ကိုမတွေ့။

စိတ်ပူလွန်းတာကြောင့် ဆေးရုံအပြင်သို့ထွက်လာ
သော်လည်းဘယ်ကိုလိုက်လို့လိုက်ရမှန်းမသိ။ ဆေးရုံ၏ အပေါ်ဆုံးကို မထင်မှတ်ဘဲ လှမ်းကာကြည့်မိ
တော့ သူ၏ချစ်ရသောလူသားသည် ဆေးရုံ ဘောင်
စွန်းစွန်းတွင် မတ်တပ်ရပ်လျက်။

"မဖြစ်ရဘူး "

တစ်ယောက်ထဲကြားလောက်သည့် အသံတိုးတိုးဖြင့်
ရေရွက်ကာ ဆေးရုံ အပေါ်ထပ်သို့ ဓာတ်လှေကားထဲ
အလောတကြီးဝင်ကာတက်လာခဲ့သည်။ မြန်မြန
်ရောက်ချင်သော်လည်း အထပ်ရေ ကွာလွန်းတာ
ကြောင့် မရောက်နိုင်။

မောင်နဲ့ကွာရှင်းရန်ခွင့်ပြုခဲ့ရခြင်းမှာမောင့်ကိုမုန်း၍မ
ဟုတ်။ ကွာရှင်းရန်ပြောထားသည့် မောင့်ဆန္ဒကိုလိုက်လျောချင်သည်။ နာကျင်လွန်းလှပြီဖြစ်သည့် နှလုံးသားကိုလဲ အနားပေးချင်သည်။

သူမနဲ့ကွာရှင်းခဲ့လျှင် မောင်သည်သူချစ်သောသူနှင့်
ပျော်ရွှင်စွာနေသွားရလိမ့်မည်။ နာကျင်မှုမရှိ ပျော်
ပျော်ရွှင်ရွှင်အချစ်တွေနဲ့ အတူဘဝကိုဖြတ်သန်းသွား
ကြလိမ့်မည်ဟု ထင်တာကြောင့် ကွာရှင်းရန် လိုက်
လျောပေးခဲ့ခြင်း။

Just One Day (Completed)Where stories live. Discover now