Chapter 7

3.9K 389 54
                                    

အဖြူရောင်လွင်ပြင်ကြီးတစ်ခုထဲ မှာ အရာအားလုံးကတိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ ထိုတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူက မောင် ...

နှဖူးရှေ့မှာဝဲကျနေတဲ့ Taeရဲ့ ဆံပင် ကိုတစ်ချက်သပ်တင်လိုက်ပြီး မောင်ကချိုသာသော အနမ်းကိုခြွေ
သည်။ သိပ်ကြည်နူးဖို့ကောင်းတယ် မလား ။
နှစ်ယောက်ထဲကမ္ဘာက ပျော်စရာကောင်းတယ်ဆိုတာ ဒါမျိုးကိုပြောတာနေမှာ ...

"မောင် Taeကိုချစ်လား"ဟု မေးမြန်းမိတော့ ချစ်ရသူ
မောင်က ကမ္ဘာပေါ်မှာ အလှဆုံးအပြုံးကိုဆင်မြန်းပြီး
အဖြေလှလှလေးတစ်ခုTaeအတွက် လက်ဆောင်ပေး
သည်။ " မောင်က Taeကို အရမ်းချစ်တာတဲ့" လေ

မောင့်ပုခုံးပေါ်ကို ခေါင်းလေးတင်ကာ ကပ်ချွဲမိတော့
မောင်က ကြင်နာယုယစွာပြန်လည်ပွေ့ဖက်သည်။

" မောင် Taeကိုချစ်လားဟင်"

ထိုမေးခွန်းကိုထပ်မေးမိတော့ မောင်ကရယ်သည်။

"ဒီကလေးတစ်ယောက်နဲ့တော့ ခက်နေပါပြီ"
"မောင်ကTaeကိုအချစ်ဆုံးပါဆို "

"Taeလဲမောင့်ကိုချစ်တယ် ... အရာအားလုံးထက်"

"haha ဟုတ်ပါပြီ ကလေးရယ် "

တိတ်ဆိတ်ခြင်းစိုးမိုးနေတဲ့ အဖြူရောင်လွင်ပြင
်ပြန့်ပြန့်ကို မောင်နဲ့ ကျွန်မ ရယ်သံများနဲ့ ဖြည့်စွက်အလှဆင်မိသည် ။

"အင်း သိပ်လှတဲ့ အိမ်မက် "

"အိမ်မက်ထဲမှာ ထာဝရအိပ်စက်ခွင့်တော့ ရချင်မိသား"

--------------------------------------

အင်အားချည့်နဲ့ နေတဲ့ မျက်လုံးတွေကို အားယူကာ
ဖွင့်ကြည့်မိတော့ ကျွန်မလက်ကိုကိုင်ပြီး အိပ်နေတဲ့
Jimin...

Tae : Jimin

ခေါ်သံကြောင့် အိပ်ချင်မူးတူးနဲ့ ထကြည့်သော
သူငယ်ချင်းကို ကြည့်မိတော့ ခပ်ယဲ့ယဲ့ ပြုံးမိသည်။

Jimin : Tae သတိရလာပြီလား ငါ့ကို... ငါ့ကိုမှတ်မိလား ငါလေ Park Jimin လေ သိလား မှတ်မိလားလို့

Tae : ဖြည်းဖြည်းမေးပါ ငါမှတ်မိပါတယ်

Jimin : ခဏလေး ငါဆရာဝန် သွားခေါ်ပေးမယ် နော်
ခဏလေးနော်

Just One Day (Completed)Waar verhalen tot leven komen. Ontdek het nu