" အဲ့အုပ်အုပ်က ငါတို့ဆယ့်နှစ်ယောက်စလုံးကိုခေါ်တွေ့
တယ်...၊ ဆယ့်နှစ်ယောက်တည်းကိုပဲနော်...
ဘယ်သူ့ကိုမှမပါဘူး...၊
ဟုတ်တယ်မလား သူငယ်ချင်းတို့...မင်းတို့မပါဘူး
နော့... "အရပ်ရှည်ရှည်နှင့်ထိုကျောင်းသားလှည့်မေးလိုက်သော
မေးခွန်းကို ကန်တင်းထဲက ကျောင်းသူကျောင်းသား
တချို့က ယောင်ဝါးဝါးနှင့်ခေါင်းညိတ်ပြလာကြသည်။" ငါတို့ကိုပဲခေါ်တွေ့တာတခြားမဟုတ်ဘူး၊
မင်းတို့လာမယ့်အကြောင်းပြောပြတာရယ်...၊
အဲ့ဒါနဲ့ ငါတို့ကပြန်မေးတာပေါ့...မင်းတို့ကိုကြိုဆိုရမှာ
လားဆိုတော့...
မဟုတ်ဘူး၊ကြိုဆိုစရာမလိုဘူး...မမြင်ချင်ယောင်ဆောင်လိုက်ပါတဲ့...၊ ဘာသိဘာသာ
သာနေကြပါတဲ့...၊ အဲ့လိုကိုသေချာခေါ်မှာလိုက်တာ၊
မယုံရင် အုပ်အုပ်ကိုကိုယ်တိုင်သွားမေးနိုင်ပါတယ် "ပတ်သက်ခြင်းမရှိသောအခြေအနေနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပေးလိုက်သော Chanyeol၏ အရည်အချင်းကို ကျန်သူတွေ
မသိမသာထောက်ခံလိုက်ကြသည်...။
အရာရှိသားပေါက်ကွဲနေတာက သူ့ကိုသားဟုအခေါ်ခံ
လိုက်ရသောကိစ္စရယ်...ပြီးတော့...အခုကန်တင်းထဲ
အထိကို ဆက်တိုက်အပြောခံနေရသောကိစ္စရယ်...၊
ထိုသည်တွေကိုမကျေနပ်လို့ ပေါက်ကွဲပြနေတာ...။
ထိုသို့ထိုသို့သောကိစ္စနှစ်ရပ်ကိုမှ Chanyeolတို့
ကျောင်းအုပ်ဘက်ကို အမွှေမြှားဦးလှည့်ပေးလိုက်သည်
က... ... ...။လူဆိုသည်မှာလည်းသိတဲ့အတိုင်း...အဆုံးသတ်နီးတဲ့
အရာကိုမှ အသေမှတ်နေကြသည်ကိုး။
အရာရှိကြီးသားခေါင်းထဲလည်း ကြီးစိုးသွားသော
တစ်ခုတည်းသောအရာက...ကျောင်းအုပ်က ဂျင်ကလည်တွေကို သူ့ကိုမမြင်ချင်ယောင်ဆောင်နေ
ခိုင်းတယ်...ကြိုဆိုမပေးခိုင်းသည့်အပြင် ဘာသိဘာသာနေခိုင်းတယ်ဟူသော အတွေးတစ်ခုသာ
စွဲမြဲသွားလေသည်... ... ...။
ဆိုပါပေ့ မောင်...
Start from the beginning