ဲ့ မိဘတွေအရှေ့မှာအပြင်ပိုင်းမျက်နှာချိုသွေးနေပေမယ့်လဲ ရင်ဘတ်ထဲမှာတော့ ဗလောင်ဆူလောက်အောင်မီးကျွမ်းနေတယ်ဆိုတာကို ထုတ်ဖော်မပြခဲ့တဲ့ Tae Hyung ရဲ့အမူအယာက အရမ်းသရုပ်ဆောင်ကောင်းလွန်းတဲ့ မင်းသားတစ်ယောက်လို . .။ဘာတစ်ခုမှ မသိတဲ့ကလေးတစ်ယောက်လို နှံချာချာစတိုင်လုပ်ရင်း အဖေဖြစ်သူဘေးသို့ကပ်ထိုင်ကာ
'' အဖေ အဖေ့အလုပ်အဆင်ပြေရဲ့လား ''
Ms.Kimရဲ့ပုံစံက်အရမ်းသိသာနေလွန်းသည်။သူတို့ လင်မယားတွေစကားများတာကို ထယ်လေးများမြင်သွားသလားဟု စိုးရိမ်နေသည်မှာ Tae Hyungအကဲခတ်မိလောက်အောင်ကို မျက်နှာမှာပေါ်နေလေပြီ ။ ချက်ချင်း အသက်မပါတဲ့အပြုံးတစ်ခုနဲ့ ခပ်ကျယ်ကျယ်ရယ်မောကာ Tae hyungရဲ့အမေးကို ဖြေဆိုလိုက်တာက
'' အဆင်ပြေတာပေါ့ အဖေကစီးပွားရေးနေရာမှာ No.1လေ ဟားဟား ဟား ''
' 😅 အဖေအဆင်ပြေရင်ရပါပြီ အော် ဒါနဲ့ အမေ သား အပြင်ခဏသွားလို့ရမလား ''
'' ဘယ်သွားမလိုလဲထယ်လေး . . . သားညနေဘက်တွေအပြင်မထွက်တက်ပါဘူး . .''
''မဟုတ်ဘူး သား Ji Min ဆီကိုသွားစရာရှိလို့ ဟ်ို . .အဲ့ဒါကလဲ သူဒီနေ့သင်တဲ့စာတွေနားမလည်လို့ ရှင်းပြပေးပါဆိုလို့ပါ ဒီတိုင်းဆိုသား အပြင်မသွားတတ်ဘူး 😁 အမေပြောသလိုပဲ . . . ''
'' omm omm ဒါဆိုလဲ မြန်မြန်သွားမြန်မြန်ပြန်လာခဲ့နော် အမေစိတ်ပူတယ် ''
''Nae Omma Gomasamita Aww . .အဖေ သားသွားဦးမယ်''
''A A . .လမ်းသေချာကြည့်မောင်းနော် ''
''Nae . . .''
ဖြောင့်ဖြူ းနေတဲ့ လမ်းမကြီးအပေါ် တဟုန်ထိုး မြေငလျှင်လှုပ်သည့်အလား အရှိုန်အဟုန်နဲ့မောင်းလာတဲ့ Tae Hyung ရဲ့အနက်ရောင် ပြိုင်ကားဟာ လူတွေရဲ့ငေးမောမှုကို လုပ်ယူနေသည့်အလား ။
Tae pov - ငါအခုချိန်မှာ Jiminကိုလိုအပ်နေတယ် ဒီကိစ္စကို Jiminကိုတိုင်ပင်ကြည့်ရင် အဆင်ပြေမှာပါ။
ဂွမ်းဒုံလမ်း (ကွန်ဒိုတိုက်ခန်းများသီးသန့်တည်ဆောက်ထားသောလမ်း)တလျောက် လူခြေတိတ်ဆိတ်လျက် . . .
''What!!! ဒီနေရာမဗာလူရောရှိရဲ့လား ''
Jiminဆိုတဲ့ကောင်က သူသာ စသုံးလုံးဖြစ်ပြီးယွလိုက်မယ် တစ်ခြားလူတွေယွထဆူညံနေရင် သိပ်ကြည့်ရတဲ့ကောင်မဟုတ်ဘူး ။ လူကသာယွပေမယ့် တိတ်ဆိတ်တဲ့နေရာမျိုးမှာပဲနေတဲ့ကောင် Club ကတော့ ချွင်းချက်ပေါ့ဗျာ ။ ဒီလိုကွန်ဒိုမှာနေတယ်ဆိုတာMoneyမရှိလို့တော့မဟုတ်ဘူး သူ့မိသားစုကိစ္စကြောင့်အတူ မနေချင်ပဲ သူ့ မုန့်ဖိုးနဲ့ ဒီလိုနေရာမှာလာနေနေသတဲ့လေ ။ လူတစ်ယောက်တွက်တော့ လုံလုံလောက်လောက်ရှိပြီးအဆင်ပြေတဲ့ဒီလို ကွန်ဒိုတိုက်ခန်းလေးမှာ နေရတာသူ့အတွက်အရမ်းကောင်းတယ်လို့ပဲပြောပြောနေပေမယ့် ကျွန်တော်သဘောကျတဲ့နေရာမျိုးတော့မဟုတ်။ အကြိုက်ချင်း၊သဘောထားချင်း မတူလှတဲ့ဒီလို သူငယ်ချင်းရှိတာ ကိုယ့်ကိုကိုယ်လဲအံသြမိပါသေးတယ် ။
''ဒေါက် ဒေါက် ဒေါက် ''
A/N - လူမရှိဘူး ပြန်တော့ 😂😂 အာသာအိပ်နေပြီ 😴😴😴 တိုတိုတုတ်တုတ်သည်သာလျှင် ခွန်းသဘဝ❤😂😂 အရှည်ရေးလဲ ဖတ်သူမရှိ အတိုရေးလဲဖတ်သူမရှိ အဲ့တော့ ကိုယ်သက်သာရာသက်သာကြောင်း အတိုပဲရွှေးခြင်း 😌😌အာသာချေပြီ 😌😌
Part-11
Start from the beginning
