- Vote & Ment လဲမတောင်းရက်ပါ ကိုယ့်အရေးသားအရမ်းညံသွားလို့ 🙏🙏
>>>>>>>>>>>>>><<<<<<<<<<<<<
(Unicode)
ဆောင်းဝင်ချိန်ကာလတစ်ခုဖြစ်နေပြီဆိုတာကို တိုက်ခတ်လာတဲ့ လေတွေကသက်သေအဖြစ်ယူဆောင်နေတယ်။အေးမြလှတဲ့ လေဟာနယ်ဟာ ပြတင်းပေါက်အားကျော်လွန်ကာ Tae Hyung လဲလှောင်းနေသော ကုတင်ဆီသို့ အခိုက်တန့် တိုးဝှေ့လာနေသည်။
ခဏတာအချိန်က အမေဖြစ်သူနဲ့ စကားများရင်း ပါးပြင်ထက်ကစီးကျလာတဲ့ ပုလဲလုံးပမာ ကြည်လဲ့နေသော မျက်ရည်စက်များကိုပါ
သယ်ဆောင်သွားသလို Tae Hyung ရဲ့ပါးပြင်တစ်လျောက် ခြောက်သွေ့သွားတယ်။
လက်ထပ်ရမည်လို့ပြောလိုက်တဲ့အမိန့်တစ်ခွန်းကို သေမတတ်ကြောက်နေတဲ့ ကျွန်တော့်ပုံစံက အရမ်းများ ကလေးဆန်နေသလား ?ပြောသမျှစကားလုံးတွေကို မလွန်ဆန်ခဲ့တဲ့သားလိမ္မာဖြစ်ခဲ့ပေမယ့် ဒီတစ်ခါတော့ လုံးဝလက်မခံဖို့ကို Tae Hyung ဆုံးဖြတ်လိုက်တယ်။ လက်ထပ်တယ်ဆိုတဲ့ စကားလုံးက အရေပြားပေါ်က တက်တူးတစ်ခုလိုပဲ လက်ခံပြီးရင်ပြန်ဖြတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုတာကို Tae Hyung နားလည်သည် ။
မိဘတွေရှေ့မှာ ကလေးဆိုးတစ်ယောက်လို ကပ်ချွဲနေပေမယ့်လဲ အချိန်ယန္ဒရားက ရပ်တန့်နေတာမှမဟုတ်ပဲ ထိုင်နေတဲ့ မိနစ်စက္ကန့်အတွင်းတောင် အသက်ကကြီးနေတာမဟုတ်လား ? Tae Hyungဆိုတဲ့ ကျွန်တော်က ဘဝကိုနားလည်သဘောပေါက်တဲ့ လူတစ်ယောက်ဖြစ်နေပြီ ။ သို့ပေမယ့် ငယ်ငယ်ထဲကအလိုလိုက်ခဲ့တဲ့ အမေ့ကိုလဲ အပြစ်မပြောချင်ပါ မိဘဆိုတာက သားသမီးကို အရမ်းချစ်ကြတာကိုး ။ အတွေးထဲကထွက်ပေါ်လာတဲ့ အဖြေတစ်ချို့နဲ့အတူ ရောပါလာတဲ့ မေးခွန်းတွေကိုTae Hyung စဉ်းစားနေရင်း သက်ပြင်းချမိတယ်။
'' ငါ ဘာလုပ်ရမလဲ ငါ အမေ့စကားနားမထောင်ရင် ငါအရမ်းဆိုးသွမ်းတဲ့ လူတစ်ယောက်ဖြစ်နေမလား ''
Part-10
Comenzar desde el principio
