'' အရမ်းနက်နက်နဲနဲတွေ စဉ်းစားနေသလား . . . ငါလုပ်နိုင်ပါတယ် ။ အမေ့စီစဉ်တဲ့ လက်ထပ်ပွဲကိစ္စကော စေ့စပ်ပွဲတွေပါအကုန်ငြင်းမယ် ဒါ ငါ့အတွက်မခက်ခဲလောက်ပါဘူး ''
နွံထဲမြှပ်နေတဲ့ သတ္တိဆိုတဲ့ကြိုးစကို မရရတဲ့အထိဆွဲထုတ်ရင်း Tae Hyung အိပ်ဧည့်ခန်းဆီသွားဖို့ဆုံးဖြတ်လိုက်တယ်။ ဟိုရောက်မှသာ မီးစင်ကြည့်ကရမှာပဲ ။
ရှည်လျားလှတဲ့လှေကားထစ်လမ်းတစ်လျောက် အသံတိတ်ဖြတ်လျှောက်လာရင်း ဧည့်ခန်းဆီမှ အမေနဲ့အဖေဖြစ်သူပြောနေသောတီးတိုးစကားတွေကြောင့် ခြေစုံရပ်ရင်း ခိုးနားထောင်မိသည် ။
'' အဖေကြီး ရှင် အလုပ်လုပ်ရတာအဆင်ရောပြေရဲ့လား ''
'' ဒီလိုပါပဲကွာ မင်းကို တစ်ခြား သူဠေးကတော်တွေနဲ့ တန်းတူ ဝတ်စားနေနိုင်အောင် ငါထားနိုင်ပါသေးတယ် ''
'' အို . . ရှင့်စကားက ဘယ်လိုကြီးလဲရှင် ရှင်စီးပွားရေးရှာနိုင်မှ ကျွန်မတို့ မိသားစုက သာယာမှာနော် ရှင်က အိမ်ထောင်ဦးစီးဆိုတာလဲ မေ့မနေနဲ့ဦး အားနေ Club တက် ဟိုစီးပွါးရေးရှင်နဲ့ ဆွေးနွေးဖို့ ဒီလူနဲ့အောင်ပွဲခံဖို့ဆိုပြီး သောက်စားနေလို့မရတော့ဘူး . . .မဖြစ်ပါဘူး ကျွန်မသားရှေ့ရေးကောင်းဖို့ ကျွန်မဘာသာ စီစဉ်မှကိုဖြစ်မယ် ''
'' ဟ ငါအခုရှာနေတဲ့ငွေတွေကမလောက်လို့လား ''
'' မလောက်ဘူးရယ်လို့ မပြောရပါဘူး ဒါပေမယ့် ရှင်ရှာတဲ့စီးပွားရေးက အခု ကျဆင်းနေပြီလေ ဟို Mr.jeon မိသားစုက ဟုန်းဟုန်းတက်ပိုအဆင်ပြေနေတာ ရှင်လြဲမင်နေတာပဲ ''
'' ဒါသူတို့မိသားစုကိစ္စလေကွာ မင်းအားနေသူများကိုမနာလိုဖြစ်လို့မရဘူး ငါလဲတက်နိုင်သလောက် မင်းနဲ့ သားကို ရှာကျွေးနေတာပဲ ''
'' အမလေး ရှာကျွေးရတယ်ဆိုတဲ့စကားကိုထည့်ပြောမနေနဲ့ ရှင်က သူများသားသမီးကို ယူတုန်းက ယူထားပြီး ရှာကျွေးရမှာ ရှင့်တာဝန်ပဲ အရင်ထဲက mr.jeonနဲ့ USလိုက်သွားပြီး စီပွားရေးရှင်တွေရှာ အလုပ်တွဲလုပ်ဖို့ ပြောတုန်းက ကျွန်မစကားနားထောင်လို့လား အခု တန်းတူသွားနေတဲ့လူက ကိုယ့်ထက် သာသွားပြီ ''
Part-10
Start from the beginning
