ကိုယ့်ဟာကိုနေမကောင်းတာဘာမှမဖြစ်ပေမယ့် Han ကိုတမင်စိတ်ပူအောင်များလုပ်မိသလား အားနာမိပြန်တယ်

"ဘာလဲ အဲ့မျက်နှာက မဟုတ်မှ Hun မင်းအရင်ကအကျင့်အတိုင်း အရေးမပါတာတွေတွေးနေပြန်ပြီမှတ်လား"

"မဟုတ်ပါဘူး Han ရာ နောက်ကျနေပြီ ကိုယ်သွားတော့မယ်"

အေးသွားပြီဖြစ်တဲ့ coffee ကိုအမြန်မော့သောက်လိုက်ရင်း နှုတ်ဆက်စကားပြောတော့

"ရပါတယ် သွားလေ သွားရမှာပေါ့နော် Dr.Oh က အလုပ်လစ်လို့ဘယ်ဖြစ်မလဲ"

ရွဲ့သလိုလိုလေသံနဲ့ချက်ချင်းသွားခိုင်းပြန်တဲ့ Han စိတ်ကောက်သွားတာသိပေမယ့် အချိန်မရှိတော့တာကြောင့် အသဲယားစွာ ပါးကို ဖျက်ကနဲ အကြင်နာပေးရင်း ပြေးထွက်ခဲ့တယ်။

Han တော့မသိ ကျွန်တော်တော့ ရင်တွေခုန်နေတာ ပေါက်ကွဲထွက်မတတ်ဘဲ။

ဆေးရုံထဲဝင်ခါနီးမှ အလိုလိုအပြုံးပန်းဝေနေတဲ့ မျက်နှာကို မနည်းတည်အောင် ပြန်ထိန်းခဲ့ရသလို နားထဲမှာ Han ရဲ့  ချစ်တယ် ဆိုတဲ့စကားသံလေးကြားယောင်နေမိတာကို အတင်းခေါင်းခါရင်း ခနဖယ်ထုတ်နေခဲ့တယ် ရူးလောက်အောင်ပြုစားတတ်လွန်းပါတယ် Han ရယ်။

"Chanyeol"

"ဟာ Sehun မလာတော့ဘူးဆို ဘယ်လိုဖြစ်လို့"

"မင်းနေ့ရောညရော ပင်ပန်းနေမှာစိုးလို့"

"မပင်ပန်းပါဘူး နည်းနည်းလေးတောင်မပင်ပန်းဘူး"

အရင်နဲ့မတူ အရမ်းတွေတတ်ကြွလန်းဆန်းနေတဲ့ Chanyeol ကိုသေချာကြည့်တော့ နှုတ်ခမ်းတကိုက်ကိုက် လျှာတသပ်သပ်နဲ့ ဒီနေ့မှဘာဖြစ်နေရတာလဲ

"မင်းနေမကောင်းဘူးလား Sehun"

"ကောင်းတယ် ထားတော့ ဒီနေ့ operation ဝင်စရာရှိတာတွေပြော ပြီးရင်မင်းပြန်လိုက်တော့"

"Thank You Sambaenim"

Chanyeol ကိုပြန်လွှတ်လိုက်ပြီး အလုပ်ထဲစိတ်နှစ်ရင်း တနေ့လုံးအချိန်ကဘယ်လိုကုန်သွားမှန်းပင်မသိလိုက်

ည ၈ နာရီလောက် operation room ထဲကထွက်ခဲ့ပြီးတော့ လူကနွမ်းနေပြီ ခနနားဖို့ ရုံးခန်းဆီသွားတော့ reception မှာ သူနာပြုလေးတွေရယ် Nam ရယ်နှင့် ဘာတွေပြောမှန်းမသိ ပွဲကျနေသော Han

စွန်Where stories live. Discover now