{5}

2.9K 395 34
                                    

"ဒီလူနာလေးတယောက်တောင်ဘယ်အချိန်ထွက်သွားမှန်းမသိကြဘူးလား သွားရှာကြလေ ဘာကြောင်ကြည့်နေတာလဲ"

Kai ရဲ့ဆူပူသံတွေအဆုံးမှာ အပြာပြာအယာယာပြေးရှာတဲ့ သူနာပြုတွေ

"sorry Sehunnie ဟိုဘက်ခန်းကလူနာရုတ်တရက်ထခေါ်လို့ ငါသွားလိုက်တာ တကယ် ခနဆိုခနလေးကိုကွာ Luhan က"

ပြတ်ထွက်ပြိုလဲနေလောက်တဲ့ မျက်နှာမျိုး ကျွန်တော်ဖြစ်နေသည်မို့ Kai ကသူ့အမှားကို တောင်းပန်စကားဆိုတယ်

Han ဘယ်ရောက်သွားလဲ? သူဘယ်ထွက်ပြေးပြန်တာလဲ?
တနေကုန်သူ့စိတ်လေးကြည်ကြည်လင်လင်ရှိနေသည်အထင်နဲ့စိတ်ချထားမိတာကို အခုပျောက်သွားတယ်တဲ့လား

"Sehun--"

ဗလောင်ဆူလာတဲ့အတွေးတွေနဲ့အတူ အမြန်ပြေးထွက်မိတော့ အနောက်က Chanyeol ရဲ့လှမ်းခေါ်သံသဲ့သဲ့ကိုကြားလိုက်မိသော်ငြား ပူလောင်နေတဲ့စိတ်တို့က Han ကိုအမြန်ရှာတွေ့ဖို့ကိုသာရှေးရှုနေတယ်

အခုလေးတင် ကျွန်တော်ခေါင်မိုးထပ်ကဆင်းလာတာမို့ Han အပေါ်မှာမရှိတာသေချာသည်
Kai တို့ ward တခုလုံးအနှံ့အပြေးရှာသော်ငြားမတွေ့
ဆေးရုံဝရန်တာတွေမှာရှိမလားကြည့်ပြန်လဲ အရိပ်အယောင်တောင်မမြင်
ဟိုးတခေါက်လို ကားလမ်းကိုဖြတ်ကူးနေရင်များ~~

ဒိန်းကနဲဝင်လာသောအတွေးနဲ့အတူ နားထင်တွေကသွေးခုန်နှုန်းတွေကတဒုတ်ဒုတ်နဲ့ ခေါင်းတွေကိုက်တတ်လာတယ်
လူကဆက်တိုက်ပြေးလွှားရှာနေရတာကြောင့် အသက်ကိုပြင်းပြင်းရှူ နေမိရင်းမောဟိုက်နေတာ တမျိုး
လှိမ့်တတ်လာတဲ့ ငါအသုံးမကျပြန်လေခြင်း လွှတ်ထားမိလေခြင်းဟူသော နောင်တတွေကလဲ အဖြစ်မရှိပြန်သော မျက်ရည်ပူတွေကိုဖန်ဆင်းချင်ပြန်တယ်

ဟင့်အင်း မင်းကမျက်ရည်ကျဖို့တောင် မတန်ပါဘူး Oh Sehun ရယ်

ဟူသောစကားတခွန်းနဲ့ကိုယ့်ကိုကိုယ်ဒဏ်ခတ်ကာ ကျယ်ဝန်းလှသော ဆေးရုံဝန်းကြီးကို အမောဖောက်မတတ် ပြေးလွှားကာ မျက်စိလျှင်လျှင်ထားရင်း Han ကိုရှာနေမိတယ်

"Han"

ဆေးရုံအနောက်ဘက် တောင်ကုန်းလေးတနေရာ အစွန်အဖျားမှာ သေးသေးဖြူ ဖြူ လူသားလေးက ကျွန်တော်ရှာနေတဲ့ Han
သူရပ်နေတာ တောင်ကုန်းအစွန်အဖျား
Han ဘာလုပ်မလို့လဲ

စွန်Where stories live. Discover now