{14}

2.4K 280 34
                                    

တရေးနိုးလာချိန် ရင်ခွင်ထဲက နွေးထွေးမှုလေးကို တသိမ့်သိမ့်ကြည်နူးရင်းငုံ့ကြည့်မိတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ Han

အနက်ရောင် suit ကိုတောင်မလဲနိုင်ဘဲ ကျွန်တော့်ဘေးတင်အိပ်ပျော်သွားတာ သူရောဘယ်လောက်တောင်ပင်ပန်းထားလို့ပါလိမ့်

Accident ဖြစ်တုန်းကဆုံးသွားတဲ့ အမေကို အခုမှကောင်းကောင်းမှတ်မိပြီး သွားနှုတ်ဆက်တာဖြစ်ရမည်။ မနေ့ထဲကထွက်သွားတာဆိုတော့ တညလုံးရော ဘယ်မှာသွားနေနေခဲ့တာလဲတွေးရင်း မျက်နှာပေါ်ဝဲကျနေတဲ့ ဆံနွယ်တို့ကို ယုယုယယ သပ်တင်ပေးမိတယ်။

စားပွဲတင်နာရီလေးကိုလှမ်းကြည့်မိတော့ နေ့ခင်း ၁ နာရီ။
ဆရာဝန်တစ်ယောက်ရဲ့ တာဝန်ဆိုတာလဲရှိနေသေးတော့ အိပ်ပျော်နေဆဲ Han နှဖူးလေးကို ခပ်ဖွဖွအကြင်နာပေးကာ ဆေးရုံသွားဖို့ပြင်ဆင်လိုက်တယ်

"Hun ဘာလုပ်နေတာလဲ"

ခေါင်းထဲမကြည်တာကြောင့် Black coffee ခါးခါးကို သံပုရာသီးချဉ်ချဉ်ထည့်ဖျော်နေချိန် အနောက်ကနေခါးကိုသိုင်းဖက်ရင်းမေးခွန်းထုတ်လာတဲ့ Han

"နိုးပြီလား ကိုယ်ဆေးရုံသွားရဦးမှာမို့ Han အိမ်မှာနားရင်းနေခဲ့နော်"

ကျောပေးထားရာကနေ မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်ရင်း Han ပါးပြင်နုနုကိုလှမ်းကိုင်ကာအဖြေပေးလိုက်တော့ မျက်မှောင်ကြုံ့ပြီး ဖက်ထားတဲ့လက်တို့ကိုရုတ်သိမ်းသွားတယ်

"လူကဖြင့် နေမကောင်းဘဲနဲ့ မသွားရပါဘူး"

"ကိုယ်နေကောင်းပါတယ် Han ရဲ့"

ကျွန်တော့်စကားဆုံးတာနဲ့ နှဖူးပေါ်ရောက်လာတဲ့ လက်ဖဝါးသေးသေး

"ဟာ ကိုယ်တွေပူနေတာကို မသွားနဲ့ Hun ရာ"

အဆုံးသတ်မှာချွဲနွဲ့နွဲ့လေးပြောလိုက်တဲ့ Han အသံကြောင့် ကြည်နူးမှုတွေက ရင်ထဲပန်းတွေပွင့်သွားသလို ဖြာကနဲ

"အဟား ကိုယ်က ဆရာဝန်ပါ Han ရဲ့ ကိုယ်ဆေးလဲသောက်ပြီးသွားပြီ အခုခေါင်းကြည်သွားအောင် coffee သောက်မလို့ ကိုယ်အဆင်ပြေပါတယ် Han ရဲ့"

စွန်Hikayelerin yaşadığı yer. Şimdi keşfedin