Chapter 24

34.2K 2.4K 290
                                    

Unicode below

MUFL တွင်​ ပွဲကျင်းပသည့်​ ရက်​တစ်​ရက်​ဖြစ်​သည်​။ သက်​ဆိုင်​ရာ ​မေဂျာ​ပေါင်းစုံမှ မိမိတို့သင်​ယူ​နေ​သော ဘာသာစကားများ၏ ယဉ်​​ကျေးမှုကို ပြ​သ​သော ကပွဲဖြစ်​သည့်​ Culture Showကျင်းပသည့်​ အချိန်​ပင်​ ဖြစ်​သည်​။ ​ကျောင်းကဦးစီးပြီး ကျင်းပသည့်​ ပွဲဖစ်​သည့်​အတွက်​ အတန်းများလွှတ်​​ပေးထားသည်​ဟုလည်း ဆိုနိုင်သည်​။ အချို့​ကျောင်းသားများက​တော့ ပွဲကိုတက်​ကြွစွာ လာကြည့်​ကြသည်​။ အချို့ကမူ ပွဲကိုအ​ကြောင်းပြကာ ​ကျောင်းလစ်​သည့်​ သူများလည်းရှိသည်​။

MUFL၏ ​ဟောခန်းမဖြစ်​သည့်​ သီရိရတနာခန်းမတွင်​ ​ကျောင်းသား​ကျောင်းသူများ ၊ ဆရာဆရာမများဖြင့်​ ကြိတ်​ကြိတ်​တိုး စည်​ကား​နေသည်​။ အချို့ကလည်း နာမည်​စာရင်း​ပေးထား၍ ​နေရာရကြသည်​။ အချို့ကမူ တံခါး​ပေါက်​နားတွင်​ မိုးတိုးမက်​တပ်​ဖြင့်​ မျက်​စိ​နှောက်​စရာ​ကောင်းလှသည်​။

ထိုအချိန်​တွင်​ ​ဟောခန်းအပြင်​ဘက်​နားတွင်​ အုပ်​စုလိုက်​စုကာ စကား​ပြောကာ ရင်​ခုန်​​နေကြ​သော ​ဂျာမန်​​မေဂျာ ​ကျောင်းသားများအုပ်​စု။ အားလုံး ဂျာမန်​ရိုးရာအင်္ကျီကို အ​ရောင်​​သွေးစုံ​အောင်​ ဝတ်​ဆင်​ထားကြသည်​။ အပမ်း၊ နီညို ၊ အစိမ်းစသဖြင့်​ အတွဲကိုယ်​စီ ဝတ်​ဆင်​ထားသည်​။ ဂျာမန်​ရိုးရာဝတ်​စုံမှာ ​ယောကျာ်း​လေးများအဖို့ ရှပ်​အင်္ကျီ၊ ​ဘောင်းဘီတိုဖြစ်​ပြီး မိန်းက​လေးများမှာလည်း ​ခြေ​သလုံးနားတွင်​ ဝဲ​နေသည့်​ ဂါဝန်​ကို ဝတ်​ဆင်​ထားသည်​။

ထိုအချိန်​တွင်​ ​ဟောခန်းအပြင်​ဘက်​နားတွင်​ အုပ်​စုလိုက်​စုကာ စကား​ပြောကာ ရင်​ခုန်​​နေကြ​သော ​ဂျာမန်​​မေဂျာ ​ကျောင်းသားများအုပ်​စု။ အားလုံး ဂျာမန်​ရိုးရာအင်္ကျီကို အ​ရောင်​​သွေးစုံ​အောင်​ ဝတ်​ဆင်​ထားကြသည်​။ အပမ်း၊ နီညို ၊ အစိမ်းစသဖြင့်​ အတွဲကိုယ်​...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သက်​တန့်​လင်းနှင့်​ တ​ယောတို့မှာ အပန်း​ရောင်​​လေးကို ဝတ်​ဆင်​ထားကြသည်​။ သက်​တန့်​လင်းမှာလည်း အသားဖြူ၍ အပန်း​ရောင်​​လေးနှင့်​ ထင်းပြီးလှ​နေသည်​။ တ​ယောမှာလည်း ဆံပင်​တို​လေးနှင့်​ ဂါဝန်​မှာ အလွန်​ပင်​ လိုက်​ဖက်​လှသည်​။

My Fussy Boyfriend || CompletedWhere stories live. Discover now