" ဟယ်​လို!!ငါ နည်းနည်း​နောက်​ကျသွားတယ်
အဆူမခံရ​လောက်​ပါဘူး​နော်​!"

ဘုရား!! ဂျင်းဝူတ​ယောက်​ ​မြောင်​ယူကိုကြည့်​ကာအသာ
တွံ​တွေးမြိုချလိုက်​သည်​၊ ​မင်​​ဆော့မှာလဲ တအံ့တသြ
လေး​မော့ကြည့်​​နေသည်​။ဘေးက ​အေး​အေး​ဆေး​ဆေး
နေတတ်​တဲ့​ဂျောင်​ဟို​တောင်​ မျက်​မှန်​​လေးအသာပင့်
တင်​ပြီးပြူးပြူး​လေး​မော့ကြည့်​​နေသည်​။ကျန်​တဲ့သူ​တွေ
ကလဲ တအံ့တသြ​တွေဟန်​မ​ဆောင်​နိုင်​​အောင်​ဝိုင်း
ကြည့်​ကုန်​ကြသည်​၊ ​မြောင်​ယူက​တော့ အကုန်​လုံးကို
သွားဖြီးပြပြီး သူ့ခုံ​နေရာမှာအကျအနဝင်​ထိုင်​သည်​။

" ဒီရုပ်​ကို​ကြောက်​လို့ ဘယ်​သူမှပြန်​​ပေးဆွဲရဲမှာ
မဟုတ်​ဘူး မင်​​ဆော့!!"

ဂျင်​ဝူးတ​ယောက်​ မရဲတရဲ​လေး​ပြောလာသည်​။
ပြောလဲ​ပြောချင်​စရာရယ်​၊​ကောက်​​ကွေး​နေတဲ့ဆံပင်
အုံကြီးနဲ့ အလှတပ်​ထားတဲ့မျက်​မှန်​ဝိုင်းကြီး၊နီရဲ​နေတဲ့
နူတ်​ခမ်းနီကိုပါဆိုးထား​လေ​တော့ ရုပ်​​ပျောက်​လို့​နေ
သည်​။

" ဘယ်​ လို ​တွေ ဖြစ်​လာတာလဲ!!"

မင်​​ဆော့ ​မေးကြည့်​လိုက်​​တော့ ​မြောင်​ယူက သူ့ရဲ့
ဆံပင်​​ကွေး​ကွေး​ကောက်​​ကောက်​ကြီး​တွေကို ဟန်​ပါပါ
ခါပစ်​လိုက်​ရင်း မျက်​စိ​နောက်​စရာ​ကောင်း​အောင်​လုပ်
ပြ​လေ​တော့သည်​။

" ငါ နည်းနည်း ငါကိုယ့်​ငါ ပြင်​ဆင်​လာတယ်​!!
ငါ့ဆံပင်​​ကို ​​အစမ်း​ကောက်​ကြည့်​ထားတာဟ ၊
ပြီး​တော့ ​ရေ​မွှေးလဲ​ပြောင်းသုံးကြည့်​ထားတယ်​ !
တကယ်​​တော့​လေ ဒီ​ရေ​မွှေးနံက ငါ့အချစ်​ဦးကြီးသုံး
တဲ့​ရေ​မွှေးတဲ့ "

"ဘယ်​သူ​ပြောလဲ??"

မင်​​ဆော့နှာ​ခေါင်းရှုံ့ လိုက်​ကာ နည်းနည်း​ဘောက်​ဆတ်
ဆတ်​​လေသံနဲ့​မေးလိုက်​မိသည်​၊ ​ရေ​မွှေးကအစလိုက်
စုံစမ်း​နေတာကြီးက​တော့လွန်​လွန်​တယ်​မဟုတ်​လား။
တကယ်​လဲ ဆယ်​ဟွန်းဆီကရတဲ့​​ရေ​မွှေးနံ့လဲမဟုတ်
ပါဘူး။ ဒီလိုအနံ့စူးစူးကြီး​တွေကို ဆယ်​ဟွန်းကကြိုက်
တာလဲမဟုတ်​ဘူး။

Come And Find Me [ Season_2 ]Where stories live. Discover now