Chapter(4)

1.7K 119 1
                                    

"Byun Baekhyun ဘယ်သွားမလို့လဲ"

တံခါးဝမှာ ဖိနပ်ထိုင်စီးနေတဲ့ Baekhyun ကို Sehun က မေးလိုက်တယ် Xunqi က Sehun ဘေးမှာ ထိုင်နေရင်း Baekhyun ကို ကြည့်နေတယ်

"ကျောင်းသွားမလို့လေ ငါက တက္ကသိုလ်ကျောင်းသားပဲကို"

"တက္ကသိုလ်?"

တွေတွေလေး ပြန်မေးလာတဲ့ Sehun ကို ကြည့်ပြီး Baekhyun တစ်ယောက် ရယ်ချင်စိတ်ကို မြိုချနေရတယ် ဒီ၁၀၁၈နှစ်ရှိပြီဆိုတဲ့ ပိစိလေးက တစ်ခါတစ်ခါ အရမ်းချစ်ဖို့ကောင်းတာပဲ

"တက္ကသိုလ်ဆိုတာကို မင်း မသိဘူးလား"

"ဘာလို့ ငါက မသိရမှာလဲ

Sehun က ဆက်ပြောတယ်

"မင်းက တက္ကသိုလ်ကျောင်းသားဆိုလို့ အံ့ဩသွားတာ"

"ဘာ..."

ဒီတစ်ခါ စိတ်ဆိုးရတာ Baekhyun ပေါ့

//ဒီကောင် ဘာမှ ချစ်ဖို့မကောင်းဘူး
ဟွန့်!//

"ငါလည်း လိုက်မယ်လေ"

//ဒီ Demon ကိုတော့ တစစီလုပ်ချင်လာပြီ//

"မလိုက်ရပါဘူး သွားကစားတာမဟုတ်ဘူး လိုက်ချင်နေရအောင်"

"ဘာလို့မရ ရမှာလဲ"

"ကျောင်းသားတွေပဲ သွားလို့ရတာ"

"ဂရုကို မစိုက်တာ"

"yrrrr...မင်း..."

Baekhyunနဲ့ Sehun နဲ့ တစ်ယောက်တစ်ခွန်း ပြောနေတုန်း Mr.Park က အိမ်ရှေ့ရောက်လာတယ်

"Baekhyun မင်းတော့ အခုမသွားရင် နောက်ကျပြီနော်"

"ဟုတ်ကဲ့ သွားလိုက်ပါဦးမယ်"

Baekhyun က သူ့ဘေးလွယ်အိတ်ကြိုးကို တင်းတင်းဆုတ်လို့ ခြေဆောင့်နင်းပြီး အိမ်ထဲက ထွက်လာတယ် Sehun က Mr.Park ကို လက်တွေဝှေ့ရမ်းပြီး တာ့တာတွေတောင် ပြနေသေးတယ် ပြီးတော့ Baekhyunနောက်ကနေ ထပ်ကြပ်မကွာလိုက်လာတယ်

"ဟင်!"

Xunqi ကို ကြည့်ပြီး လန့်သွားတယ် Xunqi လည်း Sehun နောက်က ထပ်ကြပ်မကွာလိုက်လာတယ် ငှက်တစ်ကောင်လို လေပေါ်ပျံပြီးတော့

//ဒီကြောင်စုတ်ကတော့//

Sehun က Xunqi ကို တစ်ချက်ကြည့်ပြီး လက်ဖျောတ်တီးလိုက်တယ် Xunqi က ကြောင်အမဲလေးကနေ ကြက်တူရွေးစိမ်းစိမ်းလေး ဖြစ်သွားတယ်

Mr.Demon My Love//Complete//Where stories live. Discover now