"အားရီးဂူး!!! ပါးလေးတွေဖောင်းလာသလားလို့
ကြည့်ပါဦး !! ဒါလေးက ငါ့ကလေးတဲ့လား !!
အမလေး ငါတို့ဆယ်ဟွန်းလေး ကံကောင်းလိုက်တာ"မာမီက မင်ဆော့ပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့အုပ်ကိုင်
လို့ လှုပ်ခါနေတော့ အချစ်က သွားလေးပေါ်အောင်ရယ်
လို့ ကလေးလေးလိုလုပ်သမျှငြိမ်ခံနေလေရဲ့။
ဆယ်ဟွန်းကတော့ ထိုမြင်ကွင်းကို ရယ်ကာ ဘေးက
နေကြည့်နေလိုက်သည်။ အထုပ်တွေအပိုးတွေနဲ့သူ့ပုံစံ
ကြောင့် ဦးလေးချို ကတွေ့တော့ ကပြာကယာအထုပ်
တွေလာယူဖို့လုပ်တော့သူခေါင်းခါပြလိုက်ပြီး မင်ဆော့
ကျောပိုးအိတ်နဲ့စာအုပ်ထုပ်ကို စားပွဲပေါ်တင်လိုက်သည်"မာမီလုပ်တာနဲ့ အချစ်ပါးတွေ နာကုန်တော့မယ်!!
ကလေးလေးလဲမဟုတ်ပဲ ပါးကိုအတင်းဖိကိုင်နေတာပဲ
!! ဟိုတယောက်ကလဲ ငြိမ်ခံနေတာ "တယောက်ထဲထိုင်နေရင်း ပွစိပွစိရေရွတ်လိုက်တဲ့
ဆယ်ဟွန်းကြောင့် သူကောဆယ်ဟွန်းမာမီပါ
တယောက်မျက်နှာတယောက်ကြည့်ရင်းထရယ်လိုက်
ကြတော့တယ်။" တစုံတယောက်တော့ အူတိုနေပါပြီကွယ်"
ဆယ်ဟွန်းမာမီက ဆယ်ဟွန်းကို လှမ်းစလိုက်ပြီး
မင်ဆော့ဘက်ကို လှည့်ရယ်ပြလာသည်။ သားအမိ
နှစ်ယောက်ကြောင့် ကြားထဲက မင်ဆော့က ခေါင်း
မဖော်တမ်းရယ်နေတယ်။" အစ်မဂျီဟွန်းကော ??"
" အာ !! သားအစ်မက သူ့သူငယ်ချင်းတယောက်နဲ့
သွားတွေ့တယ်!!ကုမ္ပဏီအလုပ်တွေနဲ့ပဲလုံးပန်းနေရ
တာ သူလဲ သူငယ်ချင်းတွေနဲ့တွေ့ချင်မှာပေါ့သားရယ်"အလုပ်တွေနဲ့အမြဲလုံးပန်းနေရတဲ့ အစ်မဂျီဟွန်းလဲ
နားချိန်ဆိုတာရှားသည်။ဆယ်ဟွန်းမာမီနဲ့မင်ဆော့ စကားလက်ဆုံကျနေတုန်း
ဆယ်ဟွန်းကတော့အပေါ်ထပ်တက်သွားတော့သည်။
ဆယ်ဟွန်းအပေါ်ထပ်တက်သွားတာကို ဆယ်ဟွန်းမာမီ
ကလှည့်ကြည့်လိုက်ပြီး မင်ဆော့ဘက်အသာကပ်လာ
သည်။
[ T H R E E ]
Start from the beginning