🍑1🍑

4.5K 262 37
                                        

Zawgyi

နေ့ တစ်နေ့ အစ ပြု လိုက်တာနဲ့ ပုံမှန် လည်ပ
တ်နေကြ အချိန်ဇယားအတိုင်း လုပ်ဆောင်နေ
ကြတာ လူသားတို့ ရဲ့ ထုံးစံပဲမလား ။

အိပ်ယာထမယ် အပျင်းဆန့် မယ် အိပ်ယာသိမ်းမယ် ရေချိုးခန်းဝင် အပေါ့စွန့်  အလေးသွား နဲ့  မနက်စာလေး ကဗျာ ကယာ့ သွပ်ပြီး ရုံးတက်မယ် ကျောင်းသွားမယ် သက်ဆိုင်ရာ အသီးသီးမှာ ကျရာ တာဝန်ပေါ့ ။

ထွေထွေထူးထူးရယ် မရှိတာက အလိုလောဘ
ကြီးစိုးနေတဲ့ တစ်ဖက်စွန်းရောက်တွေလက်ထဲက
တိုင်းပြည်ကို ကာကွယ်ရင်း အသက်စွန့် တယ်ဆိုပြီး အသံကောင်းဟစ်ကြွေးရင်း အသက်လု ပြေးပြီး တိုက်ခိုက်နေရတဲ့ ကျည်ဆံ
တွေကြားက တိုက်ပွဲမှာ အသက်လုပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ မှ မဟုတ်တာပဲ ။

ဒါပေါ့ ခင်များ တို့ မသိတာဟာ ဘဝ တိုက်ပွဲ
ရဲ့ စစ်ပြေးဒုက္ခသည်က ခင်များတို့ ကိုယ်တိုင် ဆို
တာကိုပေါ့ ။

စ လာတည်းက မိန့် ခွန်းစကား မုန်တိုင်းလို
လာပြီး မဟုတ်မမှန်တွေ ၉၉ % ကျော်ပါတော့  ထွက်သမျှဇောချွေး ပါလာတဲ့ ပုဝါသေးသေး
စိုရွဲ အောင် ဒိုင်ခံသုတ်နေရထဲက သိပ်မ
ဟုတ်သေးဘူး မလား ။

လူဆိုတဲ့အမျိုး ကလည်း ဟုတ်သည်ရှိ မဟုတ်သည်ရှိ တဖက်သား အထင်ကြီးအောင်
ရွှီးရှောင် ပြီး ကီးကြောင်ကြောင် စကားလုံးတွေ
သုံးတတ်ကြတာပဲ ။

ယုံတာ မယုံတာအပထားပေါ့ ။ ဂီတာ တီးတတ်ပါတယ်ဆိုပြီး စ ကိုင်ထဲက ဒေါင် ကနဲ မြည်ပြီး ကြိုးပြတ်သွားတာတော့ ပရော်ဖက်ရှင်
နယ် ဆန် တာပေါ့ ။

စကားကြီး စကားကျယ်နဲ့ ပြောလိုက်သမျှ ဟာ နိုင်ငံရေး လိုလို ဘာလိုလို နဲ့ တကယ်တော့ ဘာအရေးမှ ရေရေ ရာရာ မရှိတာပဲ ။

ဒါပေမဲ့လည်း အကုန်လုံးက ဟိုး အမြင့်ဆုံး အထက် က အကြီးဆုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပဲ
အလုပ်ဖြစ်နေတာမလား ။

ဘယ်နေရာမှာမဆိုလေ ? မှားနေသလား ?

ဘယ်သူမဆို ကိုယ့်အထင်မှန်နေမှာပဲ ။ တဖက်စောင်းနင်း တဖက်ပိတ် တဖက်မြင်ဆို ပို
ဆိုးရော ။

Fathers & Tiny ( Hunnie )Where stories live. Discover now