51. နင်က ငါ့အစ်မအရင်းပါ

6.5K 742 33
                                    

Chapter - 51

<Unicode>

"ဒီသတင်းကို ဖြန့်လိုက်...သူအရှက်တကွဲဖြစ်သွားပါစေ''
ဝူရှင်း အမိန့်ပေးလိုက်ပြီး ဖုန်းကိုချလိုက်တယ်။

တစ်ရက်၊ နှစ်ရက်၊ တစ်ပတ်၊ နှစ်ပတ် အချိန်တွေကို
မိုင်ဒင်း ဘယ်လိုနေထိုင်စားသောက်ပြုမူပြီးတော့
ဘယ်လိုဖြတ်သန်းရမလဲဆိုတာ သူမသိတော့ဘူး။
နေ့တိုင်း ကျောင်းသွားပြီး အတန်းချိန်တွေအားလုံး
ပြီးသွားတော့မှ အိမ်ကိုပြန်လာတယ်။
သူ့ရဲ့အပြုံးတွေက အသက်မဲ့နေတာကြာပြီ။
နှလုံးသားကော ဦးနှောက်ထဲမှာပါ ဗလာကျင်းလို့။
မျက်ရည်တွေ ဘယ်လောက်ကျနေပါစေ
သူ့နှလုံးသားထဲက နေရာလွတ်က ပြည့်မလာဘူး။

အန်းဇီယန်နဲ့ပက်သက်တဲ့သတင်း တစ်ခုမှမကြားဘူး။
အစပိုင်းတုန်းကတော့ အန်းဇီယန်ကိုရှာသေးတယ်။
ကြာလေ ကြာလေ သူ့ရဲ့မျှော်လင့်ချက်တွေက
သဲကန္တာရထဲက ရေစက်တစ်ခုလို အငွေ့ပျံသွားတယ်။
အိမ်ဟောင်းတစ်လုံးလို ယုံကြည်ချက်ယိုင်နဲ့လာတယ်။
မိုင်ဒင်းစိတ်နှလုံးသားထဲ ကြောက်ရွံမှုလွှမ်းမိုးနေတယ်။

'စိတ်ထောင်းလူကြေ' ဖြစ်နေတဲ့မိုင်ဒင်းက ပင်ပန်းနေတဲ့
ခန္ဓာကိုယ်ကို တရွတ်ဆွဲရင်း အိမ်ကိုပြန်လေ့ရှိတယ်။
မနက်ဖြန်ပေါ်လာမလား... သဘက်ခါမှာလား...
အန်းဇီယန် ဘယ်အချိန်မှာ ပြန်လာမလဲမသိပေမဲ့
တစ်နေ့မဟုတ်တစ်နေ့မှာ ဆက်ဆက်ပြန်လာရင်
မိုင်ဒင်းအတွက် အတိုင်းထက်အလွန်ဖြစ်နေပြီ။
အခုအချိန် အခုလိုအခြေအနေမျိုးမှာ မိုင်ဒင်း
တတ်နိုင်တဲ့တစ်ခုထဲသောအရာက စောင့်ဆိုင်းခြင်းပဲ။

"အန်းဇီယန် မင်းပြန်လာဖို့ ငာအလျင်မလိုဘူး။
တစ်သက်လုံးစောင့်ဆိုလည်း စောင့်နေမယ်...''

အန်းဇီယန် ပြန်လာမှာပါဆိုတဲ့ ယုံကြည်ချက်လေးနဲ့
အသက်ဆက်နေရတဲ့မိုင်ဒင်းကို နေ့တွေ၊ ရက်တွေ၊
ရက်သတ္တပတ်တွေက လက်ပြနှုတ်ဆက်သွားတယ်။

ဒီနေ့မှာ ထုံးစံအတိုင်း မိုင်ဒင်းကျောင်းသွားတယ်။
ကျောင်းရောက်တာနဲ့ ထူးဆန်းတဲ့အကြည့်တွေနဲ့
မိုင်ဒင်းကိုကြည့်ရင်း တီးတိုးတီးတိုးပြောနေပုံရတဲ့
ကျောင်းသားများစွာကို မိုင်ဒင်းသတိထားမိတယ်။
တစ်ချို့တွေဆို မိုင်ဒင်းကို လက်ညှိုးထိုးသေးတယ်။
မိုင်ဒင်းအနားရောက်သွားတော့ လူစုကွဲသွားပြီး
အမြန်ထွက်သွားကြတယ်။ မိုင်ဒင်းကိုကြည့်တဲ့ပုံက
အီဘိုလာရောဂါရနေတဲ့လူကို ကြည့်တဲ့အကြည့်မျိုး။
အားတင်းပြီး သူတို့အကြည့်တွေကိုကြိုစားမေ့လိုက်တယ်။

Will You Still Love Me Even If I'm a MAN? (Like Love) [Z+U]Where stories live. Discover now