"ဖုန်းထဲကဟာတွေက ဘာတွေမှန်းလဲမသိဘူး Hun"

ဟု သူ့အပြောကို သဘောကျစွာ Sehun ပြုံးပြီးကြည့်နေချိန် အမိအရရိုက်ထားလိုက်ခြင်း။

"နေရာတကာ ဆရာလိုက်မလုပ်တဲ့အချိန်ဆို မင်းကချစ်ဖို့ကောင်းသားပဲ Hun"

"Deer ရေ"

"ဟာ Dr.Chan ရောက်ပြီ"

အခန်းထဲက အပြေးလေးထွက်လာပြီး

"Dr.Chan!"

"အော် Deer ကအခန်းထဲရောက်နေတာကို ကိုယ်ကဘယ်များရောက်နေတာလဲလို့"

"hee"

Luhan ဆေးရုံမှာသတိရလာတဲ့အချိန်ထဲက အမြဲသွားတွေပေါ်အောင်ရီပြတတ်တဲ့ မျက်လုံးဝိုင်းဝိုင်း နားကားကားကြီးတွေနဲ့ Chan ကို တကယ်သဘောကျခဲ့သည် သူ့ကိုမြင်ရင် ကိုယ့်စိတ်ပါ အေးချမ်းပြီးပျော်ရွှင်ရတဲ့ မျက်နှာပိုင်ရှင်မို့။

"Dr night duty ထွက်လာတာလား"

အရင်လို သိပ်ကြည်နေပုံမရတဲ့မျက်နှာကြောင့်မေးမိတော့

"ဟုတ်ပါ့ Deer ရဲ့ Oh Sehun ပေါ့ သူကျ day duty တွေလှိမ့်ယူပြီး ကိုယ့်ကို night တွေလုပ်ပစ်ခဲ့တာ Oh Sehun Oh Sehun သူရာထူးကြီးတယ်ဆိုတိုင်း လူကိုအနိုင်ကျင့်တာ"

ဆူပွပွ အသံကျယ်ကြီးနဲ့ပြောနေတဲ့ Chanyeol ကို Luhan ကြည့်ရင်း တခွိခွိရယ်မိတယ်

"ဒါဆို အခန်းထဲသွားအိပ်လေ ကျွန်တော် ဒီမှာပဲ TV ကြည့်ရင်းရှိနေမယ်"

"ရလား ဒါဆို ခနလေးပဲ ခနလေး အိပ်ပြီးပြန်ထလာမယ်နော်"

ခေါင်းကိုသာငြိမ့်ပြလိုက်တော့ အခန်းထဲတန်းနေအောင် ဝင်အိပ်လေရဲ့

သိပ်မကြာလိုက်ခင် ဖုန်းသံကြားတာကြောင့် ဘယ်သူလဲကြည့်စရာမလို ဆက်မည့်တယောက်ထဲလူက Hun ဖြစ်တာကြောင့် တန်းကိုင်လိုက်ရင်း

"Hello"

"Chanyeol ရောက်ပြီလား Han"

"အင်းရောက်နေပြီ"

"အင်းအင်း တခုခုဆို သူ့ကိုပြောနော် မှာချင်တာရှိရင် ညနေကိုယ့်ဆီဖုန်းဆက်လိုက် ဒါပဲနော် Han ကိုယ်မအားလို့"

"အင်းပါ စိတ်မပူနဲ့ Hun"

"ဒါပဲနော် Han"

Hun နဲ့ဖုန်းပြောပြီးတော့ စိတ်ထဲအလိုလိုပျင်းခြောက်သွားတာ အသိသာကြီး TV ကိုဖွင့်ကာ တလိုင်းပြီးတလိုင်းပြောင်းကြည့်နေပေမယ့် စိတ်မဝင်စားလှ။Sehun နဲ့ခွဲပြီးနေရတာ ဒါပထမဆုံးမို့လား Luhan ရင်ထဲတကယ့်ကိုဟာတာတာဖြစ်လို့။
နာရီကိုလှမ်းကြည့်တော့ အခုမှ မနက် ၉ နာရီ Sehun ပြန်လာမှာ ညနေ ၆ နာရီ ၇ နာရီမှ

စွန်Where stories live. Discover now