4

2.3K 211 8
                                    

ကိုယ်မင်းကိုပြောတဲ့ ချစ်တယ်ဆိုတာ
ဘေးနားမှာထိုင်ပြီး ငေးကြည့်နေချင်ရုံ

ကိုယ့်ရဲ့ အချစ်တွေထဲမှာ မင်းဟာ
ကိုယ့်အတွက်ဖြစ်လာရမယ်ဆိုတာမျိုးတွေမပါဘူး။
ကိုယ်နဲ့မင်း တစ်သက်လုံး ပေါင်းဖက်ရမယ်ဆိုတာမျိုးတွေမပါဘူး။

စိတ်ကူးခဲ့ဖူးတာပေါ့
ကမ္ဘာကျော်အချစ်ပုံပြင်တွေထဲကလို
အဆုံးမဲ့ ချစ်ရခြင်းမျိုးတွေ
ဒီလိုပြောတော့ မင်းကရယ်တယ်
ရှင်က ရှိတ်စပီးယားလောင်းရိပ်မိနေတာပဲတဲ့

ခုရော ဟိုးကမ္ဘာတစ်ဖက်မှာ မင်း ဘာလုပ်နေမလဲ ...?
အဖျားကော့နေတဲ့ မျက်တောင်လေးတွေကို တစ်ဖျတ်ဖျတ်ခပ်ရင်း
ဝေးဝေးသွားတဲ့ တိမ်တွေကို ငေးနေမှာလား
ခပ်ကွေးကွေးနှုတ်ခမ်းလေးတွေကို တင်းတင်းစေ့ရင်း
Twinkle Twinkle Little Star သံစဉ်လေးကို တိုးတိုးညင်ညင် ညည်းနေမလား.

ကိုယ့်အခန်းလေးထဲမှာတော့ ကြိုးပြတ်သွားတဲ့ တယောငယ်ရယ်
တဝက်တပျက် Rando Capriccioso ရယ်

ETHEREAL Where stories live. Discover now