2

3.6K 256 1
                                    

ငြိမ်သက်နေတဲ့ ရေပြင်ထဲကို
ကျောက်စရစ်ခဲလေးတစ်လုံး ပစ်ချလိုက်ရင်
ဝဲဂယက်ငယ်တွေ ဆင့်ကဲ ဆင့်ကဲ ဖြစ်ပေါ်လာတယ်။
အဲ့ဒါကို Ripple Effect လို့ ခေါ်တယ်။

ကိုယ်တို့ ဆုံတွေ့ခဲ့တယ်။ သံယောဇဉ်တွေဖြစ်ခဲ့တယ်။
ချစ်ခဲ့ကြတယ်။ ပြီးတော့ လမ်းခွဲရတယ်။
မင်းနဲ့ ကိုယ်လည်း ဝဲဂယက်ငယ်တွေပဲ။
တစ်ခဏတာဖြစ်တည်မှုမှာ တစ်ဘဝစာ ပျော်ဝင်ခဲ့ကြတယ်။

ဘဝမှာ တစ်ချို့ကိစ္စတွေက ဖန်တီးယူလို့မရဘူး
ဥပမာ မင်းနဲ့ ငါ့ရဲ့ Happy Ending မျိုး

မင်းရယ်သံနဲ့ အလှဆင်ထားတဲ့
ကိုယ့်ပြတင်းလေးပေါ်
ကွေကွင်းခြင်း လေပြင်း ရုတ်တရက် တိုက်လိုက်တဲ့အခါ
ခန်းစီးအဖြူရောင်လေးဟာ ဝေ့ဝဲလို့ ...
ပြန်အကျမှာတော့ အိပ်မက်တွေ ပါမလာခဲ့။

ဇာတ်မသိမ်းဖြစ်ခဲ့တဲ့ ပုံပြင်လေးထဲမှာတော့
မင်းရယ် ငါရယ် တယောအိုလေးရယ်

ETHEREAL Waar verhalen tot leven komen. Ontdek het nu