အခန်း(၄)သောက်ရူး...၂

Start from the beginning
                                    

''သောက်လို့ရလား ကိုလူချော´´

''အ..မဟုတ်ဘူး..ရတယ်..သောက်´´

''စောစောက ကိုလူချော ဘာပြောတာလဲ´´

''မင်းပြောမှ ငါ မေ့သွားတာ သိတယ်
ဒီဆိုင်က အပြင်ဆင်မကောင်းဘူး လူသိလည်း သိပ်မများဘူးလို့ ပြောမလို့..ဒါမဲ့ ဒီဆိုင်က ကလီစာက တစ်ကယ် စားလို့ကောင်း´´

ကိုယ်ကြို်က်တဲ့ အစားစာအကြောင်းပြောနေရလို့ ဟန်ဟန်မျက်နှာက ဝင်းနေတယ်။

''ရပါပြီ´´
ဆိုင်ရှင်က ကလီစာနှစ်ပွဲကို စားပွဲပေါ်တင်ပေးလိုက်တယ်။

''မင်းတို့ အတွက် ကလီစာကြီးကြီးတွေ ထည့်ပေးထားတယ်´´

''ကျေးဇူးပဲ ဦးလေး´´

ဟန်ဟန်လည်း ရှာလကာရည်ထဲ့ ငရုတ်သီး ညှပ်ထားတာတွေ ထည့်နဲ့ စားဖို့ မစောင့်နိုင်တော့ဘူး။

လျန်းဇီက လက်ထဲက တူကိုကိုင်ထားရင်း
ဟန်ဟန့်ကို ကြည့်တယ်။သူ ဒါကို လုံးဝ မစားနိုင်ဘူး။

ဟန်ဟန်က သူ့ဟာ စားပြီးသွားလို့ လျန်းဇီကို
လှည့်ကြည့်တော့ လျန်းဇီက ပွဲက အရာတောင်
မယွင်းသေးဘူး။

''မင်း...´´

''ကျတော်´´

''မဆာလို့လား..´´

''ဒီဟာက..´´

''ပြောပါ..´´

''ကျတော် ဒါမျိုး မစားတတ်ဘူး´´
လျန်းဇီ စိုးရိမ်ပေမဲ့လည်း အမှန်တိုင်းပဲ ပြောဖို့
ဆုံးဖြတ်လိုက်တယ်။

''ဘာလို့ စောစောက မပြောတာလဲ
အန်ကယ်လီ! ဒီကို ပေါက်စီသုံးလုံးနဲ့ ပဲနီလေး
စွပ်ပြုတ်ချပေးပါ...
သူ့ပေါက်စီတွေလည်း စားကောင်းတယ်´´

''အိုကေ´´
အန်ကယ်လီရဲ့ခေါင်းက ပြူထွက်လာတယ်။

''မင်းကိုရော ကလီစာ နောက်တစ်ပွဲ ချ ပေးရမလား´´

''မလိုဘူး..ရတယ်´´

ပြောရင်း လျန်းဇီဆီက ပွဲကို ဆွဲယူလိုက်တယ်။

''မင်း သူ့ ပေါက်စီတွေ တစ်ခါလောက် စားမိတာနဲ့..နောက်တစ်ခါလည်း သေချာပေါက်လာစားချင်နေလိမ့်မယ်´´

''တောင်းပန်ပါတယ်´´
လျန်းဇီလည်း နှာခေါင်းကို ပွတ်နေတယ်။

''ဟမ်´´
ဝက်နှလုံးကို စားနေတဲ့ ဟန်ဟန်လည်း နားမလည်စွာနဲ့ လျန်းဇီကို စိုက်ကြည့်တယ်။

''ကို လူချောကို စိတ်ပျက်စေမိပြီ´´

''မင်း ဘာတွေ ပြောနေတာလဲ...ဒီကလီစာကို
ကြိုက်တဲ့ သူရော မကြိုက်တဲ့သူရော ရှိမှာလဲ
လူတစ်ယောက်ရဲ့ အကြိုက်နဲ့ပဲ ဆိုင်တာကို´´

လျန်းဇီလည်း ခဏလောက် ငိုင်သွားတယ်။
ဒီလိုမျိုး သူ့အကြိုက်ကို လိုက်ပေးမဲ့သူ မရှိဖူးဘူး။
သူ့ပုံမှန်သူငယ်ချင်း တွေက သူ မကြိုက်တာတွေကို တခါမှ မစဉ်းစားပေးကြဖူး။ဥပမာဆိုရင် သူ ဖားသား ဟောေ့ပါ့ကို မကြိုက်ဖူး။သို့ပေမဲ့ သူ့သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် လိုက်စားရတယ်။

''ပေါက်စီပူလေးတွေ လာနေပြီ
ဒီနေ့ ပဲနီစွပ်ပြုတ်က
နည်းနည်းကပ်စည်းတယ်နော်´´

အန်ကယ်လီက စားစရာကို သယ်လာတယ်။

''မြန်မြန်စား..အနံ့ က မွှေးနေတာပဲ´´
ဟန်ဟန်က ပြုးံပြတယ်။

''အ..အိုခေ´´
လျန်းဇီလည်း ပြန်ပြုံးပြတယ်။

လျန်းဇီလည်း သူနဲ့ ဟန်ဟန်က အခု ဘယ်လို
ဆက်ဆံရေးမျိုး ရောက်နေပြီလဲ မစဉ်းစားတတ်
တော့ဘူး! ဆိုင်ရှင်နဲ့ ဖောက်သည် လား!
အဲ့လိုမျုးိနဲ့ တူလို့လား!ဒါပေမဲ့ ဟန်ဟန်က သူစကားပြောချင်တိုင်း ရှိနေပေးတယ်။
သူငယ်ချင်းတွေလား!သူ တို့ နှစ်ယောက်ကြား
တစ်ကယ်ပဲ သူငယ်ချင်း ဖြစ်လာပြီပေါ့။
ဒါဆို..

''ငါ ဒီတစ်လုံးယူမယ်´´
ဟန်ဟန်က တူနဲ့ ပေါက်စီတစ်လုံးကို လှမ်းယူတယ်။

''စားလေ´´

ဘာလို့ သူအများကြီး လျှောက်စဉ်းစားနေရမှာလဲ!

မနက်တုန်းက ဟန်ဟန်သူ့ကို ခေါ်တဲ့ ဟာကဘာပါလိမ်!

သောက်ရူး!

Yandai Xie Jie No.10 myan translation(​ဆေးတံလမ်း အမြတ်​၁၀)Where stories live. Discover now