အခန်း(၄)သောက်ရူး...၂

Start from the beginning
                                    

''ဟုတ်ပြီလေ´´

ဝက်အူ ကလီစာ ဆိုင်ရှေ့လည်း ရောက်လာရော လျန်းဇီ မျက်နှာကြီးက မည်းသွားတယ်။လျ န်းဇီ အစားမရွေးတတ်ဘူး ဒါပေမဲ့ သူဘယ်တော့မှ ဝက်အူကလီစာတွေ စားမှာ မဟုတ်ဘူး။

(TN:...shake Ze ze ..I don't like either.😖)

''ကိုလူချော ဝက်ကလီစာ ကြိုက်တယ်ပေါ့´´

လျန်းဇီဘည်း ဟန့်ဟန့်ကို မယုံသင်္ကာနဲ့ ကြည့်တယ်။သူသိသလောက်တော့ ဒါမျိုးတွေက ဆင်းရဲသားနဲ့ အလုပ်ကြမ်းသမားတွေ စားကြတာ။ဟန်ဟန်က အဲ့လို ပုံစံမျိုးနဲ့ လုံးဝ မတူပါဘူး။
ဟန်ဟန်က ချောမောပြီး စကားပြောရင်တောင်
ယဉ်ကျေးတယ်။
သူဘာလို့ ဒါမျိုး ကြိုက်တာလဲ!

''ရက်စ် လုံးဝကြိုက်တယ် ဒီနေ့ ဒါကို တောင့်တလာလို့´´

ဟန်ဟန်က ပြုံးရင်း တံခါးကို တွန်းဖွင့်လိုက်တယ်။

''မင်းရော ကြိုက်လား´´

''အာ..´´

လျန်းဇီလည်း မကြိုက်ဘူးလို့ပြောတော့ မလို့ပဲ
သိုု့ပေမဲ့ ဟန်ဟန့်ရဲ့ ပျော်နေတဲ့ မျက်နှာကို မြင်တော့ ချက်ချင်းပဲ ပြန်သိမ်းထားလိုက်တယ်။

''ဦးလေးလီ ဝက်ကလီစာ နှစ်ပွဲ´´

မှန်တံခါးနောက်ကနေ လူတစ်ယောက်ပေါ်လာတယ်။

''ဟန်ဟန်ရေ ဒီနေ့ ဆိုင်စောစော ပိတ်တယ်ပေါ့´´

''ဟုတ်တယ်.´´

''အေး..အေး..ခဏစောင့်ပေး´´

လျန်းဇီလည်း ထိုင်လိုက်တယ်။ဆိုင်ရဲ့အနံ့ကတင် သူ့ကို မသက်မသာ ဖြစ်စေတယ်။

''ဒီဆိုင်က လက်ရာကောင်းတယ်´´
ဟန်ဟန်က ဆက်ပြောတော့မလို့ပဲ လျန်းဇီက စီးကရက်တစ်လိပ်နဲ့ မီးခြစ်ထုတ်တာကို မြင်လိုက်ရတယ်။

''မင်း သောက်တတ်တယ်ပေါ့´´
ဟန်ဟန်လည်း လျန်းဇီ ဆေးလိပ်သောက်တာ မမမြင်ဖူးဘူး။

''အ...ဟ..ဟုတ်တယ်´´
လျန်းဇီလည်း ရယ်လိုက်တယ်။

''ကိုလူချော ဆိုင်က အကောင်လေးတွေရှိတော့ အဆင်မပြေမှာ စိုးလို့ မသောက်တာ´´
လျန်းဇီလည်း ခေါင်းကုတ်တယ်။

Yandai Xie Jie No.10 myan translation(​ဆေးတံလမ်း အမြတ်​၁၀)Where stories live. Discover now