Chapter 1: He is my...

2.4K 130 23
                                    

Unicode ver can be read below Zaw Gyi Ver

မိုး....

ကျွန်တော် မိုးရာသီနဲ့ မိုးရေစက်တွေကိုမုန်းတယ်...

အဲ့မိုးကပဲ ကျွန်တော် နဲ့ သူနဲ့ ကို ဆုံစည်းခွင့် ပေးခဲ့တယ်..

အဲ့မိုးကပဲ ကျွန်တော် အရမ်းချစ်ရတဲ့ ကျွန်တော့်ချစ်သူကို ကျွန်တော်နဲ့ဝေးရာကို ဆွဲခေါ်သွားခဲ့တယ်...

ကျွန်တော် သူ့ကို အရမ်းသတိရတယ်.....သူထွက်သွားတာ နှစ်နှစ်ကျော်တောင်ကြာခဲ့ပြီနော် 💔 သူဘယ်ကမ္ဘာမှာ ဘာတွေများ လုပ်နေမလဲ

*******************************
Flash back >>>>

Chulalongkorn University ရဲ့ ဆေးပညာဋ္ဌာန မှာ ပညာသင်ကြားဖို့က ကျွန်တော်ရဲ့ ငယ်ငယ်ကတည်းက မက်ခဲ့ရတဲ့ အိမ်မက် တစ်ခု..

အခုကျွန်တော် အိပ်မက်တွေတကယ်ဖြစ်လာခဲ့ပြီ..ကျွန်တော် တက်ချင်တဲ့ ကျောင်းကြီးမှာ ၆နှစ်လောက်တက်ပြီးရင် ကျွန်တော် ဖြစ်ချင်တဲ့ လူအသက်ကို ကယ်တဲ့ ဆရာဝန်ကြီး တစ်ဦးဖြစ်တော့မှာမို့ ပိုပျော်မိတယ်..

Arthit ကျောင်းဝင်ပေါက်မှာရပ်ပြီး ပီတိ အပြုံးများနဲ့ သူတတ်ရမဲ့ကျောင်းကို တွေးကာ ကြည်နူးနေမိတယ်..နောက်တော့ တက်ကြွတဲ့ခြေလှမ်းတွေနဲ့ 1st yearတွေ သင်ရမဲ့ အတန်းကို ဦးတည်လိုက်တယ်
*

အရပ်ရှည်ရှည် ခပ်ချောချောကောင်လေးတစ်ယောက် ကျွန်တော့်ဘေးမှဝင်ထိုင်လိုက်ပြီး

"Hi..မင်းနာမည်က"

သူ့အမေးကြောင့် ကျွန်တော်ကြောင်သွားမိတာအမှန်ပဲ..ဘာလို့လဲဆိုတော့ အခုမှ တွေ့ဖူးတဲ့သူတစ်ယောက်ကို
နောက်ကျောကို လက်နဲ့ပုတ်ပြီး မေးတာ အခုမှ မြင်ဖူးတာကို..တော်တော်ရဲတဲ့လူ

"သြော်..ငါ့နာမည်က Arthit..မင်း.."

"အင်း ငါ့နာမည်လည်းမှတ်ထား Bright..မင်း ဒီကျောင်းဒီ major ကို စိတ်ဝင်စားလို့လာတတ်တာလား"

"အင်း..ဒါငါငယ်ငယ်တည်းက မက်ခဲ့ရတဲ့ အိပ်မက်လေ"

"ဟာ..လန်းတယ်ကွာ။ ငါက အိမ်က ဇွတ်တက်ခိုင်းလို့..မတက်၍ မုန့်ဖိုးမပေးတော့ဘူး ကိုယ့်ဘာကိုပိုက်ဆံရှာတော့ဆိုလို့ လျှောက်လိုက်တာ။ ဝင်ခွင့် ဘယ်လို အောင်သွားမှန်းကို မသိတာ 555"

Never(ဘယ်တော့မှ)Where stories live. Discover now