Never click suspicious links
Reminder: Wattpad will never ask for passwords, payment information, or other sensitive account security details.

Why?

1K 101 5
                                        

သူအသက် ၆နှစ်အရွယ် .... ။

အိမ်မှာဗိုလ်လုပ်လို့ကောင်းတုန်း ... ဆိုးသွမ်းလို့ကောင်းတုန်း ... သဲသဲလှုပ် အချစ်ခံရသည့် အငယ်ဆုံးသားလေး Lee Donghae။ မေမေမသိအောင် အလိုလိုက်တတ်သည့်ဖေဖေ၊ ဟန်ဆောင်ပန်ဆောင် မာန်မဲတတ်သော်လည်း သူ့မျက်နှာညိုးလျင်ပင် ပြာယာခတ်တတ်သည့်မေမေ၊ သူ့ထက် ၃ နှစ်မျှသာ ကြီးသော်လည်း အသက်များစွာကွာသော အကိုကြီးသဖွယ် အလိုလိုက်အကြိုက်ဆောင်တတ်သော သူ့ Sungmin Hyung ... ။

Lee Donghae ဘ၀သည် Lee Hyukjae ဆိုသည့် မေမေ့အချစ်ဆုံးသူငယ်ချင်း၏သားလေး ၀င်ရောက်မလာခင်အထိ စိတ်ညစ်ညူးစရာတကွက်မှ မရှိခဲ့သည့် လိုတရ ရွှေရောင်နေ့ရက်များပင် .... ။

သူအသက် ၆နှစ်နှင့် ၅ လအရွယ် .... ။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော Lee Donghae သည် တရေးနိုးရေဆာသဖြင့် နိုးလာသည်။ သူ့အိပ်ယာဘေး စားပွဲပေါ်မှ ကာတွန်းရုပ်ပုံ ရေဘူးလေးကို အိပ်မှုန်စုံမွှားလက်လှမ်းနေတုန်း ... အောက်ထပ်မှ ဆူဆူညံညံအသံများကြောင့် သူ လှေကားလက်ရမ်းတွေကို တထစ်ချင်း စမ်းတ၀ါးဝါး ဆင်းသွားလိုက်သည်။ သူ့မေမေက ဧည့်ခန်းဆိုဖာမှာထိုင်ကာ ငိုယိုနေပီး သူ့ဖေဖေက အလွန်အရေးကြီးသော မျက်နှာထားဖြင့် ဖုန်းပြောနေသည်။ Sungmin Hyung ကိုလဲ နှိုးထားပုံရသည် ...မေမေ့ဘေး ဆိုဖာမှာ ငြိမ်ငြိမ်သက်သက်ထိုင်နေသော Sungmin Hyung က ခပ်ငိုက်ငိုက်နှင့်.... ။

လှေကားပေါ်မှ စူးစမ်းဟန်အပြည့်နှင့်ဆင်းလာသောသူ့ကို မြင်တော့ မေမေက မျက်ရည်တွေကို အမြန်ပွတ်သုတ်သည်။

"သားငယ်လေး ... မေမေတို့ဆီ တခါလာလည်တဲ့ အန်တီ Hani တို့ကိုမှတ်မိလား .. သားငယ်လေးကို ၀က်ဝံရုပ်ကြီးပေးတဲ့ အန်တီချောချောလေးလေ .. အဲအန်တီ နေမကောင်းဖြစ်လို့ မေမေနဲ့ဖေဖေသွားကြည့်ရမယ် .... ကိုကိုနဲ့လိမ်လိမ်မာမာနေခဲ့နော် ... Arjuma လုပ်ကျွေးတဲ့ မနက်စာကိုသေချာစားပီး .... ကျောင်းကို Jongmin Arjushi လိုက်ပို့မယ် ... မေမေတို့ မနက်မှ ပြန်လာမယ်နော် ... "

ဖေဖေ မာဖလာကို သေချာပြန်ပတ်နေတုန်း မေမေက သူ့ကို သေချာမှာပီး ရေကြီးသုတ်ပြာထွက်သွားကြသည်။ Sungmin Hyung နှင့် Arjuma ကချော့သိပ်၍ သူအိပ်ပျော်သွားသည်။ နောက်တနေ့တာသည်လဲ မေမေက မနက်စာ ကိုယ်တိုင်မကျွေးပဲ ဖေဖေကိုယ်တိုင် ကျောင်းလိုက်မပို့တာက လွဲ၍ အားလုံး ပုံမှန်ဖြတ်သန်းခဲ့ရသည်။

Why? (two shot)Histórias para pegar e não largar. Descubra agora