(9)

53.5K 2.2K 153
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ပြတင်း​ပေါက်​မှန်​​ချပ်​​တွေကို ​စေ့​နေ​အောင်​ ပိတ်​ထားတဲ့အပြင်​ ခန်းဆီးကိုပါ ဆွဲချထား​​တော့ ​တော်​​တော်​​မှောင်​ပိန်း​နေတယ်​ ။

တစ်​ခန်းလုံးမှာမှ ဖ​ယောင်းတိုင်​မီး​လေး တစ်​ခုပဲရှိတယ်​ ။ နံရံပတ်​လည်​ကို ခြူ​သေး​သေး​လေး​တွေ ... ​ခေါင်း​လောင်း​သေး​သေး​လေး​တွေနဲ့ ​သေချာပြင်​ဆင်​ထားတာ မြင်​ရတယ်​ ။ ​ခေါင်းအ​ပေါ်တည့်​တည့်​က ပန်​ကာကြီးက တကျွီကျွီလည်​လာတိုင်း ခြူသံ​တွေ ​ခေါင်း​လောင်းသံ​တွေ တသဲ့သဲ့ကြား​နေရတယ်​ ။

စားပွဲခုံတစ်​ခုခြားထားတယ်​ ။ 

ဖ​ယောင်းတိုင်​မီး​ရောင်​ဟပ်​ဟပ်​မှာ မြင်​​နေရတဲ့ သူ့နှုတ်​ခမ်း​တွေက စိုလဲ့​နေတယ်​ ။

" ကပ်​​နေတဲ့ မ​ကောင်းဆိုးဝါးကို နှင်​ဖို့အတွက်​ အဆင်​သင့်​ဖြစ်​ပြီလား "

" ရက်​စ်​ မိုင်​​လော့ဒ်​ (My Lord) "

လန်​ရဲ့ ​လောဒ့်​က အခုဆိုရင်​ ညစ်​ကျယ်​ကျယ်​ အပြုံးတစ်​ခုကို ဖ​ယောင်းတိုင်​မီး​တောက်​​ပေါ် စိုးမိုး​အောင်​ ပြုံးလိုက်​ပြီး သူရဲ့လက်​တစ်​ဖက်​​မြှောက်​လိုက်​တာနဲ့ လန်​ ရဲ့ ​ခေါင်းပါအတူ ​မော့လာတယ်​ ။

လည်​ပင်းက ခပ်​​လေး​လေး သံကြိုး​​က ​အောက်​က လက်​ထိပ်​​တွေ ​ခြေထိပ်​​တွေပါ တစ်​ဆက်​ထဲဖြစ်​​နေတာ​ကြောင့်​ တချက်​လှုပ်​ရှားလိုက်​တိုင်း အခန်းထဲ ကျယ်​​လောင်​သွားတယ်​ ။ ဘာမှမမြင်​ရ​ပေမဲ့ ​လောဒ့်​ ဦး​ဆောင်​မှု့အတိုင်း ​နောက်​က​နေ ​လိုက်​လာရတယ်​ ။

ရေ​တွေစို​နေတဲ့ ထိုင်​ခုံ​ပေါ်ကို ထိုင်​ဖို့အမိန့်​​ပေးတယ်​ ။

SEX Romance Where stories live. Discover now