"​ပြေးထားပါ...ဒို​ဂျောင်​ဆူးရယ်​...
လွတ်​​အောင်​​ပြေး...မိရင်​မလွယ်​ဘူးမှတ်​။"

"အဟား...မှီ​အောင်​သာ လိုက်​ပါ။
ကိုကိုရယ်​"

စိုက်​ခင်းထဲ လိုက်​တန်း​ပြေးတန်း
ဆော့​နေသည့်​ သူတို့ကို...တခြားလူ
တွေ မြင်​ရင်​ ဘယ်​လိုထင်​မလဲ မသိ​ပေမဲ့

ဂျောင်​ဆူး စိတ်​ထဲမှာ...အရင်​က
ဆယ်​​ကျော်​သက်​ ဘဝကို ပြန်​​ရောက်
သွားသလိုပဲ။...

အရင်​ကလဲ ကိုကို နဲ့ ဒီလိုပဲ...
ပျော်​ခဲ့ဖူးတယ်​။...

" အား!! "

အော်​သံနဲ့ အတူ ကိုကို ​မှောက်​ရက်​လဲ
သွားပြီး...ပြန်​မထနိုင်​​တော့။..

သူ ထိတ်​လန့်​သွားသည်​။..

ဟင့်​အင်း။ အဲ့လို မဖြစ်​ရဘူး...

သူ...ကိုကို့အနားကို...အမြန်​​ပြေးသွားမိသည်​။

" ကိုကိုရရဲ့လား။ ဘယ်​နားနာသွား​သေးလဲ!"

"အင့်​ မိပြီကွ...​"

"ဟာ! ကိုကို အကျင့်​မ​ကောင်းဘူး။!
ကျွန်​​တော်​ ဘယ်​​လောက်​လန့်​သွားလဲ
သိလား။!!"

" ဟီး...​sorry..sorry..ကိုယ်​​နောက်​တာ
လွန်​သွားတယ်​။.."

သူ တကယ်​လန့်​သွားခဲ့တာ...

အခုနအချိန်​​လေးအတွင်းမှာ..
သူ​ကြောက်​တာတစ်​ခုက..
ကိုကို သူ့ဆီက ထွက်​သွားမှာ...

" သူ​ဌေး..."

ပစ္စည်းသွားယူသည့်​ ဦး​လေးကြီး
ပြန်​​ရောက်​လာသည်​။...

" ဟုတ်​ကဲ့ ဦး​လေး​ပြောပါ။.."

"ဒါ မုန်​ညှင်း​တွေ​ရောင်းလို့ရတဲ့ ​ငွေ​တွေပါ။"

လှမ်း​ပေးလာသည့်​ စာအိတ်​အဖြူ ကို
ကိုကို ဖွင့်​ကြည့်​ကာ...

တစ်​ဝက်​ဟုထင်​ရ​သော ပမာဏကို..
ဦး​လေးကြီးကို ပြန်​​ပေးလိုက်​သည်​။..

" သူ​ဌေး ဒါက..ဘာအတွက်​??"

"ဒီနယ်​က မိဘမဲ့က​လေး​ကျောင်းမှာ...
ထမင်း​ကျွေး​ပေးဖို့ ဦး​လေးကို...
အကူအညီ​တောင်းတာပါ။..
ဒါမှမဟုတ်​လဲ သူတို့လိုမယ့်​အရာ​တွေ
ဝယ်​ပြီး ​ထောက်​ပံ့​ပေးတာပဲဖြစ်​ဖြစ်
လုပ်​​ပေးလိုက်​ပါ။"

SENTIMENTAL(Zawgyi/UNICODE)Where stories live. Discover now