SENTIMENTAL

2.2K 298 62
                                    

❄7❄

လတစ်​ချို့​ရွေ့လျားသွားသည့်​အခါ...

ဂျောင်​ဆူး နဲ့ဆယ်​ဟွန်းတို့ကြား...
ငြိတွယ်​မှုက...အချိန်​ကြာသည်​နှင့်​အမျှ
ကြီးမားလာခဲ့ပါသည်​။...

တစ်​စုံ​တစ်​​ယောက်​ကို...​မေ့ပစ်​ဖို့ကြိုးစားရင်း...

ဆယ်​ဟွန်း​ပေးသည့်​...
အချစ်​....သံ​ယောဇဉ်​....အထိ​တွေ့...
ကြင်​နာမှု...ယုယမှု...နှီး​နှောမှု...
နွေး​ထွေးမှု...တို့တွင်​...​ဂျောင်​ဆူး​ပျော်​ရွှင်​..
နေပါသည်​။..

ပြီး​တော့...အသားကျလာသည့်​အ​လေ့အကျင့်
များ..။

မနက်​မိုးလင်းတာနဲ့...မျက်​လုံးမဖွင့်​ခင်​...
ခုတင်​​ပေါ်မှာ..ဆယ်​ဟွန်းရှိမရှိကို...
လက်​က အလိုအ​လျောက်​စမ်းမိတာမျိုး...။

ငါး..ဆိုရင်​..ဆယ်​ဟွန်း..အရိုးနွှင်​​ပေးမှ..
စားတတ်​​တော့တာမျိုး။

ညအိပ်​တဲ့အခါ...ဆယ်​ဟွန်း အနမ်း​ပေးမှ..
အိပ်​​ပျော်​တာမျိုး...

ဆယ်​ဟွန်းက...သူ့အ​ပေါ်အနွံတာခံရှာသည်​။

သူ့ကို...အနိုင်​ယူလိုခြင်းမရှိ။..

သူ​ပြောတာမှန်​သမျှ...အင်း...ချည်းပဲ..။

သူက အဝါ​ရောင်​ကို...အနီ​ရောင်​ပါလို့
ဗြောင်​ငြင်းရင်​​တောင်​....အနီ​ရောင်​လို့သာ
လက်​ခံမည့်​လူစားမျိုး...

သူ..တကယ်​​ပျော်​ပါသည်​။..

ဒါ​ပေမဲ့...သူ...ဒီလိုမျိုး​ပျော်​ရွှင်​ဖို့..
ဖြစ်​ရဲ့လားဆိုသည့်​အ​တွေး...

ကိုကို့ကို...သစ္စာ​ဖောက်​မိပြီ်​ဆိုသည့်​..
အ​တွေးတစ်​ချို့်ကို...မကြာခဏ​တွေး​မိသည်​။..

အင်း...မကြာခဏဆိုတာ..တစ်​​နေ့မှာ
၂၄ နာရီ​လောက်​​တွေး​နေမိတာ...

အမှန်​တရားဆိုတာ...တစ်​သက်​လုံး...
ဖုံးကွယ်​လို့မရသည်​ကို..သူသိသည်​။..

အမှန်​တရား​ပေါ်သွားခဲ့ရင်​...သူ..
တစ်​​ယောက်​ကို​တော့...​သေချာ​ပေါက်​..
စွန့်​လွှတ်​ရမည်​ကိုလဲသိသည်​။...

အင်း..ခက်​တာက...အဲ့ဒီတစ်​​ယောက်​က..
ဘယ်​သူဖြစ်​မလဲဆိုတာ...သူမသိ။..

SENTIMENTAL(Zawgyi/UNICODE)Where stories live. Discover now