SENTIMENTAL

2.1K 271 41
                                    

❄6❄

ချန်​​ယောလ်​​ရေချိုးပြီး​အောက်​ဆင်းလာ​တော့
ဂျောင်​ဆူးက...စာအုပ်​ဖတ်​​နေသည်​။..

သူ့ကို..လှည့်​​တောင်​မကြည့်​။..

အရင်​က...သူ​ပေကျင်း​ရောက်​လာသည့်​​နေ့ဆို..
ဂျောင်​ဆူး...​ပျော်​​နေလိုက်​တာများ...။

အခု​တော့...သူ...​ရောက်​လာတာကို..
ရောက်​လာသည်​လို့ပဲတရားမှတ်​​နေပုံရသည်​။...

ဟင်း...ကြည့်​ရတာ...​ဂျောင်​ဆူး..
သူနဲ့ဟာနီရဲ့..အင်​တာဗျူးကို​တွေ့လို့များ...
ကောက်​​တော်​မူ​နေတာဖြစ်​မည်​။...

သူ..​ဂျောင်​ဆူး​ဘေးတွင်​ဝင်​ထိုင်​လိုက်​သည်​။...

ဂျောင်​ဆူး..သူ့ကိုတစ်​ချက်​မျှသာ​မော့ကြည့်​ပြီး..
စာဆက်​ဖတ်​​နေသည်​။...

"ဆူး..."

သူ၏..ညင်​ညင်​သာသာ​ခေါ်သံအဆုံး...
ဂျောင်​ဆူးက...သူ့ကို...မကြည့်​ပဲထူးသည်​။..

"​ပြော​လေ...ကိုကို...ကျွန်​​တော်​နား​ထောင်​​နေတယ်​။"

"အဲ့စာအုပ်​ကြီး...ချထားလိုက်​စမ်းပါ!!"

ဂျောင်​ဆူးမှာ...သူ့ထက်​ဦးစား​ပေးရမယ့်​အရာ..
ရှိတာကိုမကြိုက်​...။

သက်​ရှိပြဲဖစ်​​စေ...သက်​မဲ့ပဲဖြစ်​​စေ။..

သူမနှစ်​မြို့ပါ။...

ဂျောင်​ဆူးကို...သူတက္ကသိုလ်​ဆက်​မတက်​ခိုင်း
တာလဲ...သူ့ထက်​ တ​ယောပညာကို..ပိုခင်​တွယ်
မှာစိုးလို့။...

ထိုအချိန်​က...တက္ကသိုလ်​မတက်​ရလို့..
သူ့ကိုဆန္ဒပြကာ
အခန်းထဲမှာ..တ​ယောချည်းထိုင်​ထိုး​နေသည့်​..
ဂျောင်​ဆူး​ကြောင့်​...

အိမ်​မှာရှိသမျှ...တ​ယောအကုန်​...သူမီးရှို့ခဲ့သည်
အထိ။...

အဲဒီ့တည်းက..​ဂျောင်​ဆူး..တ​​ယော..မတီး​တော့။

ဂျောင်​ဆူးအ​တွေးထဲ...ဦး​နှောက်​ထဲ...
နှလုံးသားထဲအထိ...ပတ်​ချန်​​ယောလ်​ဆိုသည့်​..
လူကိုသာရှိ​စေချင်​သည်​။...

"ကျွန်​​တော်​ စာဖတ်​​နေတယ်​​လေ။ ကိုကို။"

"ဟ...ငါ မင်းစာဖတ်​​နေတာမြင်​တာပဲ...
ငါ​ပြော​နေတာ..မင်း စာအုပ်​ဖတ်​တာကိုရပ်​ဖို့
ပြော​နေတာ..."

SENTIMENTAL(Zawgyi/UNICODE)Where stories live. Discover now