အခု​တော့ သူတို့နှစ်​​ယောက်​တည်း..
စိုက်​ခင်းထဲမှာ...

" သာယာလိုက်​တာ။ ဒါနဲ့ ဆူးတကယ်​​ရော
သ​ဘောကျရဲ့လား။..ကိုယ့်​ကို အားနာ
ပြီး​တော့ မ​ဖြေနဲ့​နော်​"

" ဟား...ကိုကိုကလဲ...ကျွန်​​တော်​တကယ်
ကြိုက်​တာပါ။"

သူ...မျက်​​မှောင်​ကျုံကာ​ဖြေ​တော့...
ကိုကိုကရယ်​သည်​။...

" ဟုတ်​ပါပြီ ။ အရင်​က​လေ ဆူး
အသက်​ကြီးလာရင်​ နယ်​ဘက်​မှာ​နေမယ်
ပြော​တော့ ကိုယ်​စိတ်​ထဲက​နေ
ကြိတ်​​လှောင်​ဖူးတယ်​သိလား!"

"​တွေ့လား...စိတ်​ဓာတ်​အမှန်​​တွေ
ပေါ်ကုန်​ပြီ။..."

"ဟ..ဟ...အဲ့တုန်းက ကိုယ်​တကယ်
လှောင်​ခဲ့တာ။ ဘာမှမရှိတဲ့​တောလို
နေရာမျိုးမှာ ဆူးတကယ်​​ရော​နေနိုင်​ပါ့မလား
ဆိုပြီး။..ဒါ​ပေမဲ့ အခု​တော့ ကိုယ်​သ​ဘော
ကျလာပြီ။ အသက်​ပဲရလာလို့လားမသိ။"

ဟုတ်​တယ်​။ ကိုကို အဖိုးကြီးဖြစ်​​နေပြီ။..

ပြုပြင်​ထားခြင်းမရှိသည့်​...ခန့်​ညားသည့်
မျက်​နှာပြင်​တွင်​ ဇရာ​ထင်း​သော..
အ​ရေးအ​ကြောင်းတို့က...ခပ်​​ရေး​ရေး
ပြေး​နေပြီ။...

အရင်​တုန်းကလို...စိတ်​ထင်​တိုင်း..
လုပ်​တတ်​တဲ့ကိုကို မဟုတ်​ပဲ...
စာနာမှုအပြည့်​ နဲ့ ကိုကို ဖြစ်​​နေပြီ။..

ဘာ​တွေကများ ကိုကို့ကို အဲ့​လောက်
ပြောင်းလဲ​စေခဲ့တာလဲ...

"ဟုတ်​တယ်​​လေ။ ကိုကို က အခု
အိုလာပြီ​လေ။ စိတ်​​တွေလဲ​ပြောင်းကုန်​ပြီ
ပေါ့"

" ဘာ​ပြောတယ်​! အခုဆူးက ကိုယ့်
အသက်​ကို ​ထိခိုက်​​ပြောတာ​ပေါ့​လေ။"

ကိုကိုဟာ...သူ့အသက်​ကိုထိပါးရင်
ဘယ်​​တော့မှ မကြိုက်​...

နှုတ်​ခမ်းတစ်​​တောင်​​လောက်​​ထော်​ပြီး..
ရန်​​တွေ့တတ်​သည်​။..

" အမှန်​​တွေ​ပြောတာ..."

သူ...ခပ်​တည်​တည်​နှင့်​​ပြောပြီး..
ကိုကို့​ရှေ့မှ လှစ်​ခနဲ ​ပြေးထွက်​​တော့
အ​နောက်​က​နေ လိုက်​ဖမ်းသည်​။...

SENTIMENTAL(Zawgyi/UNICODE)जहाँ कहानियाँ रहती हैं। अभी खोजें