အပိုင်း (၁၇)

1.4K 78 0
                                    

John's POV

အတိတ်ကအရာတွေအားလုံးကိုမေ့ချင်လို့ zion ရဲ့အကူအညီနဲ့ model အလုပ်ကိုဝင်ခဲ့တယ်။

စိတ်မပါပေမယ့်လည်းရင်နာစရာအတိတ်ကိုမေ့ချင်လို့ကိုယ့်ကိုကိုယ်ဖိအားပေးပြီးကြိုးစားခဲ့တာကြောင့် fan အနည်းငယ်ရခဲ့တယ်။

မွေးစားမိဘတွေဆီမှာနေပေမယ့်လည်းသားအရင်းတစ်ယောက်လိုအချစ်ခံရတဲ့ကျနော်ကဒီလိုဘာမဟုတ်တဲ့နာမည်ကြီး model တစ်ယောက်ရဲ့အထင်သေးရှုံ့ချမှုကိုခံခဲ့ရတာကြောင့်သူ့ထက်သာအောင်လုပ်ပြီးသူ့မာနကိုနင်းချေပစ်ချင်တဲ့စိတ်နဲ့သူ့ကိုကိုယ့်ပြိုင်ဘက်လို့သတ်မှတ်ပြီးသား....။

ဒါပေမယ့်သူ့ရဲ့စည်းကျော်လာမှုတွေကြောင့်ကျနော်သူ့နဲ့ဝေးဝေးနေကာရှောင်ခဲ့တယ်။

ဒါပေမယ့်ဘာလို့ကံကြမ္မာကကျနော့်ကိုမျက်နှာသာမပေးပဲသူ့အိမ်ကိုအရောက်ပို့ခဲ့ရတာလဲ? တကယ်ခံပြင်းစရာကောင်းတဲ့ဖြစ်ရပ်တစ်ခု...!!! gay မဟုတ်တဲ့ကျနော်ကယောကျင်္ားလေးအချင်းချင်း...တွေးမိတာနဲ့တင်ရှက်ပြီးမသတီလွန်းလို့စိတ်ညစ်မိတယ်။ ယမင်းနဲ့တုန်းကတောင်ဒီလိုလွန်လွန်ကျူးကျူးမဖြစ်ခဲ့ဖူးဘူး။ ကျနော်ကသူ့ထက်လူကောင်သေးပြီးအားနည်းတယ်ဆိုတာသိလို့အဲ့ဒါကိုအခွင့်ကောင်းယူခဲ့တာကိုကျနော်အမုန်းဆုံးပဲ။

သူက gay ပဲထားပါတော့...။ ကျနော့်ကိုစိတ်ဝင်စားတယ်ဆိုရင်လည်းအနည်းဆုံးတော့ဖွင့်ပြောသင့်တယ်။ ဒီလိုဗြုန်းစားကြီးလုပ်လိုက်တာကတော့....!! အရမ်းကိုမုန်းစရာကောင်းတဲ့လုပ်ရပ်တစ်ခုပဲ..!!!!

မုန်းတယ်ကိုဇက်! ကျနော်ခင်ဗျားကိုမုန်းတယ်! ဒီလိုနည်းနဲ့ကျနော့်အချစ်ကိုရမယ်မထင်နဲ့! ခင်ဗျားကအမုန်းတွေနဲ့ပဲတန်တယ်!

ဒေါသတွေနဲ့အတူကိုယ့်ကိုကိုယ်ဘယ်လိုထွက်လာမှန်းတောင်မသိလိုက်ပဲတိုက်အောက်ရောက်နေပြီဖြစ်တဲ့ကျနော်။

ဘယ်ကိုသွားရမှန်းမသိပေမယ့်ခပ်တည်တည်နဲ့သာထွက်လာခဲ့လိုက်တယ်။

လျှောက်လာရင်းနဲ့လမ်းထိပ်ကကျနော်စောနကဝယ်ခဲ့တဲ့ store ဆိုင်လေးရှေ့ကိုပြန်ရောက်လာပြန်တယ်။

Love in Hate [Season-1+2]Where stories live. Discover now