အပိုင်း - ၆

49 5 1
                                    

"ရှင်းရေ..... သား... မနက်စာ လာစားတော့ ခဏနေ နေရည်တို့ အိမ်ကကားထွက်လာတော့မှာ သားရေ"
"ဟုတ်... မေမေ.... လာပြီ"
"ဖြည်းဖြည်းစား... နင်နေဦးမယ်.... မေမေ ထမင်းဘူး ပြင်ထားပြီးပြီ..... ညနေ ကျူရှင်က အိမ်ပြန်ရောက်ပြီးမှ ပြန်ထွက်ရမှာ မဟုတ်လား.... သား"
"ဟုတ်.... မေမေ..... သားသိတယ် မေမေ... ဒီနေ့ညနေ မမပြန်လာမှာကို! သော့အပိုယူသွားလိုက်မယ် ကျောင်းအပြန် အင်္ကျီဝင်လဲပြီးမှ နေရည်နဲ့ပဲ အတူတူ သွားလိုက်မယ်! ခဏလေးပဲဟာ သား တစ်ယောက်တည်း ဖြစ်ပါတယ် မေမေ... မမကို သားကိုယ်တိုင် လာမကြိုနိုင်တာ ခွင့်လွှတ်လို့ ပြောပေးနော်... မေမေ"
တီ........ တီ!
"လာပြီ.... အန်ကယ်လ်လေးရေ.... လာပြီဗျ... မေမေ... သား သွားပြီ.... သော့ယူသွားတယ်နော်"
"အေး အေး သား.... မေမေ့သား တကယ်လူကြီးလေး ဖြစ်လာပြီပဲ.... မမကို ပိုတွေးပေးတတ်လာပြီဆိုတော့"
"ဆယ်တန်းလေ မေမေရယ်... ဆယ်တန်း... ဟဲဟဲ... အမှန်က ညမှမိုးမချုပ်သေးတာ မေမေရဲ့.... ဒီတော့ တစ်ယောက်တည်းလည်း ဖြစ်တယ်လေ... သား ကျူရှင်က ပြန်ရောက်ချိန်ဆို ဖေရော မေရော မမရော အိမ်မှာရှိနေပြီလေ... သွားပြီ မေမေ"
"အမယ်... ရှင်းလေးက လူကြီးပေါက်စလေးကို ဖြစ်လို့ပါလားကွ.... ဒီပုံတိုင်းဆိုရင်တော့ ငါ့တူကြီးအနားမှာ ကောင်မလေးတွေ ဝိုင်းနေတော့မှာပဲ"
"ဟာ... အန်ကယ်လ်လေးရာ... လုပ်ပြီ... ကျောင်းမှာ သိတဲ့အတိုင်း အကုန် ယောက်ျားလေးတွေချည်းပဲ... ကျူရှင်မှာလို့ပြောရအောင်လည်း နေရည်မက အမကြီးစတိုင်ထုတ်ပြီး ကျတော့်အနားနေနေတော့ ဘယ်သူမှ မကပ်ရဲဘူးဗျ.... ရက်တွက်တော့ဖြင့် ၁၀ ရက်လောက်လေး ကြီးတာကို... အန်ကယ်လ်လေး တူမက... 😏"
"ဟယ်..... ငါကပဲ အမကြီးစတိုင်ထုတ်တယ် ဖြစ်ရသေးတယ်.... ငါ့ကို အားနေ ကျူရှင်မှာ ကောင်မလေးတွေ နင့်အကြောင်း လာလာမေးကြလွန်းလို့ မျက်နှာရှစ်ခေါက်ချိုးထားရတာဟဲ့...."
"ဟာ... နေရည်မရာ... နင် အဲ့လောက် ကပ်စီးကုပ်ရလား... ငါ့အကြောင်းမေးတာပဲဟာ... သေချာလေး ပြောပြလိုက် ပြီးရောဟာကို... ဟီး... ဘယ်သူတွေ လာမေးတာလဲ.. ပြော... ငါကိုယ်တိုင် သူတို့ကို ငါ့အကြောင်း သွားပြောပြလိုက်မယ်... ဒါဆို နင် စိတ်မညစ်ရတော့ဘူး"
"ရှင်း....... နင် တော်တော်ရွနေလား... ဆယ်တန်းဟဲ့... စာကိုပဲ သေချာ ဂရုစိုက်ပြီး လုပ်စမ်းပါ... နင့်မှာ အချိန်တွေ အများကြီးလို့ ထင်နေလား... ဟမ်"
"လုပ်လာပီ... တွေ့လား... အန်ကယ်လ်လေး.... ကျတော်ပြောတယ် မဟုတ်လား... အမကြီးစတိုင်နဲ့ပါဆို.. တခုခုဆို ကျတော့ကို ဆူမယ် ငေါက်မယ်နဲ့... သူသာ ဆရာမဖြစ်ရင် ကျောင်းသားတွေတော့ နားပူတော့မှာ"
"ဘာ..... နင် ငါ့ကို ဘယ်လို ပြောလိုက်တယ်... ငါက နင့်ကို စေတနာနဲ့ ပြောတာလေ... ဘယ်မှာ ဆူနေ ငေါက်နေလဲဟဲ့"
ဒီကလေး ၂ယောက်ဟာ တွေ့လိုက်တာနဲ့ ၅မိနစ်မပြည့်ခင် စကားစများကြပြီ... ဘာမှမဟုတ်တာနဲ့လဲ စကားများကြသည်။ ခုလည်း သူဝင်မပါရင် ပြီးတော့မှာ မဟုတ်ဘူးဆိုတာ နေမောင် သိသည်!
"ကဲ...ကဲ.... တော်ဘီ... ငါ့တူမလေးလည်း စိတ်လျော့ ရှင်းလေးလည်း မစနဲ့တော့.... ရှင်းရေ.. အရှေ့ဆို ကျောင်းရောက်ပြီနော်"
"ကျေးဇူးပါ... အန်ကယ်လ်လေးရေ.. သား သွားတော့မယ်... မမကြီး နေရည်... ကျတော် သွားလိုက်ပါဦးမယ် ခင်ဗျ"
"ကြွ... ကိုယ်တော်... နောက်လည်း အကြီးကို ရိုရိုသေသေ ဆက်ဆံ... ကြားလား"
"လုပ်လာဘီ... နေရည်မ... သွားဘီ"
စူပုတ်ပုတ်နဲ့ ပြောပြီး ကျောင်းဝင်းထဲ ဝင်သွားသော ရှင်းကို ကြည့်ရင်း နေရည် သက်ပြင်းခိုးချလိုက်သည်။ ဒီနောက်ပိုင်း ရှင်းကိုတွေ့တိုင်း သိသိသာသာခုန်လာသော ကိုယ့်နှလုံးသားအကြောင်း ကိုယ်ပဲသိသည်မဟုတ်လား!
...............................................................................

You've reached the end of published parts.

⏰ Last updated: Mar 08, 2018 ⏰

Add this story to your Library to get notified about new parts!

မိုးသည်းထဲက..... ဆောင်း!Where stories live. Discover now