အပိုင်း - ၃

40 3 0
                                    

အိပ်ချင်ယောင်ဆောင်သူကို အနှိုးရခက်သတဲ့ ရှင်းရယ်!
ရွှေခွန်းသာရဲ့ ဟန်ဆောင်ခြင်းတွေကို နင်မမြင်ရလောက်အောင် ကံကြမ္မာက ငါ့ဘက်က ပါခဲ့လေသလား ရှင်းရယ်!
ငါ သိနေရင် ဘာလို့နင့်ကို မပြောလဲလို့ ငါ့ကိုနင် အပြစ်တင်နိုင်တယ်...... ရှင်း!
ငါ့ကို မချစ်နိုင်တဲ့ နင့်နှလုံးသားကို ပိုင်ဆိုင်ဖို့ ငါ့မာနက ခွင့်မပြုသလို နင့်ကို သူနဲ့နီးစပ်စေနိုင်အောင် ငါလုပ်ပေးဖို့ ငါ့အတ္တကလည်း ခွင့်မပြုခဲ့ဘူး..... ရှင်း!
ရွှေခွန်းသာရဲ့စိတ်ကို ငါမြင်ခဲ့တယ်ဆိုတာလည်း ငါနဲ့ထပ်တူကျနေတဲ့ သူ့အဖြစ်ကြောင့်ပါ... ရှင်းရယ်!
တခုတော့ရှိတာပေါ့... ရွှေခွန်းသာဟာ ငါထင်ထားတာထက် ဟန်ဆောင်ကောင်းလွန်းခဲ့တာပဲ... ရှင်း!
                                                                      နေရည်မေ!
...............................................................................

မိုးသည်းထဲက..... ဆောင်း!Where stories live. Discover now