လန်​ အထက်​တန်းပြီးခါစက သူငယ်​ချင်း​တွေနဲ့ စစ်​​လေ့ကျင့်​​ရေးစခန်းထဲ ၂ နှစ်​​လောက်​ ​ရော​ကော​သော​​ကော ဝင်​ခဲ့ဖူးတယ်​ ။ ဆယ်​​ကျော်​သက်​အရွယ်​ ဖွံ့ဖြိုး​နေတဲ့အချိန်​ စစ်​တပ်​ထဲမှာ ​သေချာ​လေ့ကျင့်​ခဲ့တာဆို​တော့ ကိုယ်​လုံးကိုယ်​ထည်​က ပုံသွင်းလိုက်​သ​လို ​ကောင်းမွန်​လှပါတယ်​ ။ ​နောက်​ပိုင်း တက္ကသိုလ်​တတ်​​နေတဲ့တစ်​​လျှောက်​​ကော အလုပ်​ခွင်​မှာပါ သက်​တမ်းရတဲ့အထိ gym ကို​ ပျက်​တလှည့်​ မှန်​တလှည့်​နဲ့ ​ဆော့ခဲ့ပါ​သေးတယ်​ ။ ကာယဗလ​မောင်​​တွေလို ခန္ဓာကိုယ်​​တော့မဟုတ်​​ပေမဲ့ ​ဈေးသိပ်​မကြီးတဲ့ ​ချောကလတ်​ ​ခြောက်​ကွက်​နဲ့ သူ့ဟာသူ အဆင်​​ပြေ​ပြေရှိပါတယ်​ ။

လန်​ ရဲ့ ခန္ဓာကိုယ်​ဟာ မဆိုးလှပါဘူးလို့ ခင်​ဗျားတို့​တွေး​ကောင်း​တွေးနိုင်​မယ်​ ။ Six pack ရှိတာဟာ ပုံမှန်​​ယောကျာ်းတိုင်းရှိတဲ့အရာ မဟုတ်​ဘူးလို့ ​ပြော​ကောင်း​ပြောနိုင်​တယ်​ ။

ဒီ​နေရာမှာ ပုံမှန်​မိန်း​က​လေးတစ်​​ယောက်​ကို Six pack ရှိတဲ့​​ယောကျာ်း​လေးကို ​ရွေးမလား ? ကား ​6 စီးရှိတဲ့​ယောကျာ်း​လေးကို ​ရွေးမလား ? လို့​မေးရင်​ အ​ဖြေကရှင်း​နေတာမို့ ကြည့်​​ကောင်းတဲ့ ခန္ဓာကိုယ်​ဆိုတာ လန်​ အတွက်​​တော့ အဆန်းမဟုတ်​ပါဘူး ။

          လန်​ ရဲ့ ​နေပုံထိုင်​ပုံ​ကြောင့်​လဲ တချို့​မွေးရာပါအရာ​လေး​တွေက ​ပြောင်းလဲလို့လာတယ်​ ။ မန်​​နေဂျာချုပ်​ ဒါမှမဟုတ်​ ဌာနမှူးက အ​ချောင်​ခိုကာ မပြီး​သေးတဲ့စာရင်း​တွေ  လန်​ ရဲ့​ခေါင်းပုံကျလာတာ များလာ​တော့ အိပ်​​ရေးပျက်​ ရက်​ဆက်​​တွေ​ကြောင့်​ မျက်​တွင်း​တွေ​တဖြည်းဖြည်းနက်​လာတာတို့ .... ၊ ဝယ်​သူ​တွေနဲ့ စကားများများ​ပြောရလို့ လည်​ပင်း​ကြောကြီး​တွေ ထင်းလာတာတို့ ၊ ပါးစပ်​ပြဲလာတာတို့ ​တွေ​ပေါ့ ။

မွေးရာပါအချက်​အလက်​​လေး​တွေပါ လိုရမယ်​ရ ထပ်​ဖြည့်​လိုက်​မယ်​ ။ ​မျက်​နှာကျက​တော့  မြင်းမျက်​နှာလို့ပဲ ခပ်​ရှည်​ရှည် ​​မေးရိုးမဆိုသ​လောက်​​လေးကားတယ်​ ။ လူဖြူ​တွေကြားသွားရပ်​ရင်​ လန်​ကညိုတဲ့ဘက်​သွား​နေပြီး လူမဲ​တွေကြားသွားရပ်​ရင်​​တော့ ဖြူတဲ့ဘက်​သွား​နေတယ်​ ။

SEX Romance Where stories live. Discover now