One Shot

5K 508 57
                                    

Byun Baekhyunတစ်ယောက်ကျောင်းဆင်းချိန်မှာ ထင်ရှူးပင်အောက်ရပ်ရင်း တိတ်တခိုးချစ်ရသူ Park Chanyeolအလာကို စောင့်နေမိသည်..စောင့်တယ်ဆိုလို့ အိမ်ကို အတူပြန်ဖို့လား နိပ်လှချည်လား..ဘာလားဘာလား မတွေးပါနှင့်..

ဟိုး မျက်နှာချင်းဆိုင်လှမ်းမြင်နေရတဲ့ အဆောင်က စာသင်ခန်းထဲမှ Chanyeolထွက်လာတာကအစ Corridorတလျောက်လျှောက်သွားတာအလယ် လှေကားက ဆင်းလာတာအဆုံးမြင်နေရတဲ့ ဒီနေရာလေးကနေ သူလမ်းလျှောက်ပုံ တောင့်တောင့်ကြီးကို အပင်ပေါ်က ငှက်ပဲကြည့်သလို.. သူငယ်ချင်းပဲ စောင့်သလို အတိတ်မေ့သလို ရွှေပျောက်သလို လုပ်ရင်း ဖျက်ခနဲ ကြည့်ရုံသာ.. အဲ့လိုလေး ကြည့်ရဖို့ စောင့်နေတာပါခင်ဗျာ..

အဲ့ Park Chanyeolက တကယ့် ရေခဲတုံး.. ကျောင်းဆင်းရင် နောက်ဆုံးမှ ထွက်လာတဲ့ အမျိုး လမ်းလျှောက်ရင် အတောင့်လိုက် သူ့သူငယ်ချင်းတွေကလွဲ တခြားသူ စကားပြောရင် စိတ်ပါသလိုလို မပါသလိုလို အရပ်ဆိုလည်း မိုးထိုးနေတာ စောင်မြင်ကတ်စရာ..

သို့သော်လည်း အဲ့ စောင်မြင်ကပ်စရာလေးကိုပဲ Byun Baekhyunတို့ ကြွေဆင်းနေရတာလေ အဟင်း..

သူနဲ့ ကျွန်တော့ကို ပုံခိုင်းနှိုင်းရရင်တော့ ဘဲရုပ်ဆိုးနဲ့ ရွှေမင်းသားလေးလို့ပြောရမလား..

ကျွန်တော်က ပုပုလုံးလုံး.. မျက်မှန်က ပုလင်းဖင်လောက်.. သေးသေးညှက်ညှက်ကိုမှ ပုခုံးလေးကျယ်နေလို့ ဘုရားစူးယောက်ျားလေးသတ်မှတ်ခံရတာမျိုး..

သူက ကျောင်းရဲ့ Popular Boyတွေထဲကတစ်ယောက် အရပ်ရှည်ရှည် Bodyတော့င့်တောင့် ရုပ်ဖြောင့်ဖြောင့်နဲ့ ကြည့်လိုက်တာနဲ့ ထင်းခနဲ လင်းခနဲ.. စာကလေးကလည်းတော်သေး..ကျွန်တော်ကလည်း အညံ့ကြီးထဲတော့ မပါပါဘူး ဘာလို့ဆို ကျွန်တော်ကလည်း သူနဲ့ တစ်တန်းထဲ Specialခန်းကပဲလေ အဟင်း..

အမှတ်စာရင်း တစ်လ တစ်ခါထွက်လို့ Notice Boardမှာ ကပ်တိုင်း သူနဲ့ အဆင့်ချင်း နီးသွားရင် ကျွန်တော့မှာ ပျော်လို့ ကို မဆုံးတာ..

နှစ်ယောက်ရဲ့ အပြုအမူလေးတွေကရော တူသလား..

ပြောပြရမယ်ဆိုရင် အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့အတိုင်း သူက ရေခဲတုံး မာနရှင် တည်ငြိမ်သူ..

Byun Baekhyun & His Crush ♥Where stories live. Discover now