"Luhan လူများတဲ့နေရာတွေလိုက်ရဲပြီပေါ့"

"အင်း"

Kai ဝယ်လာတာတွေကြည့်ရုံရှိသေး

"Hello Deer"

တံခါး bell တောင်မတီးဘဲ ကိုယ့်အိမ် ကိုယ့်ရာလိုဝင်ချလာတဲ့ Chanyeol အသံကိုကြားရင်ပဲ Han တယောက် မျက်နှာတခုလုံးဝင်းကနဲ

"Dr.Chan?"

အိမ်ရှေ့ကိုအပြေးလေးပြန်ထွက်သွားပြန်တဲ့ Han
သူလေး Chanyeol ကိုတော့သိပ်တွယ်တာရှာတာ

Chanyeol လာတာကို Han ကပျော်သွားသလောက် Kai ကတော့မသိမသာ မျက်နှာပျက်သွားတာကို မြင်မိသော်ညား ကြားမဝင်ချင်တဲ့ဆန္ဒကြောင့် ဘာမှမမေးမိ

"ကိုယ် Deer အတွက် Pizza ဝယ်ခဲ့တယ် ဟောဒီမှာ အအေးတွေရော ကိုယ့်သမင်လေး Oh Sehun အိမ်ရောက်မှစားစရာမရှိဖြစ်နေမှာစိုးလို့"

Chanyeol လက်ထဲမှ Pizza ဘူးကို လွှဲယူကာ ဧည့်ခန်းကစားပွဲပေါ်မှာပဲ ဖွင့်စားဖို့ပြင်နေတဲ့ Han ကြောင့်

"Han အဲ့လိုမစားရဘူးလေ နေဦး ကိုယ်လာလုပ်ပေးမယ်"

စင်ပေါ်က tissue လိပ်တလိပ်နှင့်ပန်းကန်ခွက်ယောက်တို့ကိုယူကာ Han ဆီအမြန်သွားရင်း Han ဘေးနားကပ်ထိုင်လိုက်ကာ လက်ချောင်းသွယ်သွယ်တို့ပေါ် ပေရေနေသော ဆီအချို့ကို tissue လေးနှင့် သုတ်ပေးမိတော့ မျက်တောင်မခတ်အောင် အရွှန်းသားကြည့်နေတဲ့ Han မျက်ဝန်းလှလှတွေနဲ့ တချက်မော့အကြည့်မှာဆုံတယ်

"မုန့်စားတာပဲ လက်ပေမှာပေါ့ ဒီ Sehun နှယ် ပိုကိုပိုလွန်းတယ်"

မျက်စောင်းကိုဝင့်ကာ ဝင့်ကာ ရှေ့ကထိုင်ပြောနေသော Chanyeol ကြောင့် ရှက်ရမ်းရမ်းကာ Han လက်လေးတွေလွှတ်ပေးပြီး အသင့်ယူလာတဲ့ ပန်းကန်ပြားလေးထဲ Pizza တစိတ်ကိုထည့်ပေးကာ ဇွန်းနဲ့ခရင်းတပ်ပေးတော့

"Sehun ကအရင်လိုခွံမကျွေးတော့ဘူးလား"

မျက်နှာငယ်လေးနှင့် ခပ်တိုးတိုးထွက်လာတဲ့ Han အသံလေးနောက်မှာ ကျွန်တော့်ပီတိတွေ ထိန်းမနိုင်သိမ်းမနိုင်အောင်ဖြာကနဲ

"မဟုတ်ပါဘူး Han ရဲ့ ခွံ့ကျွေးမှာပေါ့ Han များကိုယ့်ဘာသာစားချင်နေမလားလို့ပါ"

စွန်Where stories live. Discover now