Figure
Jongin ရေခဲသေတ္တာထဲ ကိုယ်တစ်ဝက်
ဝင်နေသော သူ့Step-dadကို လိုက်ကြည့်နေမိသည်။
"Hyung! ရေခဲသေတ္တာထဲမှာ တပ်မလို့လား?"
"မင်းမသိရင် အသာနေစမ်းပါ"
Jonginမီးဖိုချောင် ကြမ်းပြင်ပေါ် ထိုင်ရင်း Chanyeol ဘာထပ်လုပ်မလဲသာ စောင့်ကြည့်နေမိသည်။
" ကင်မရာက ဘယ်နေရာတွေမှာ ထပ်တပ်ဦးမှာလဲ"
"Ummm ဧည့်ခန်း အိမ်ရှေ့တံခါး မင်းအိပ်ခန်းနဲ့
ဖြစ်နိုင်ရင် ရေချိုးခန်းထဲပါ တပ်ရမှာ"
"ရေချိုးခန်း!!!"
"အေးလေ"
"အဲ့ဒါကြီးကတော့ မကောင်းပါဘူးဗျာ မလုပ်ပါနဲ့"
"မင်း သေချာလို့လား
သရဲက ရေချိုးခန်းထဲ ဝင်နေမလားမသိတာကို"
"ကျနော့်ရေချိုးခန်းထဲမှာ ဘယ်သရဲမှမရှိဘူးးးးး"
Chanyeolခပ်တည်တည်နဲ့ ရေချိုးခန်းဘက်ကို သွားလိုက်သည်။
"Hyung, ကျနော့်ကို ကူညီပါနော်!
Hyungက အရမ်းsmartကျတာပဲ !
ဝါး ချောလိုက်တာအရမ်းပဲနော်!
Hyung ကျေးဇူးပြု၍ plss! လုပ်ပါနော်"
Chanyeolပါးစပ်ကလည်း ပွစိပွစိပြောရင်း
Go Pro ကိုသာ ဖြုတ်ပေးလိုက်သည်။
Jonginခါးခါးသီးသီးပြုံးပြပြီး
"ကျနော့်ကို ရေချိုးခန်းထဲ မှာ videoမရိုက်တာ ကျေးဇူးတင်ပါတယ်နော် အဟင်း"
Jonginကတော့ လက်ခလယ်ထောင်ပြနေသော Chanyeolကို ကြည့်ရင်း တခစ်ခစ်ရယ်ပြီး
အိမ်ရှေ့ ပြေးထွက်သွားလေသည်။
%%%%%%%%%%%%%%%%%%%
သူ့အဖေသည် လွန်ခဲ့တဲ့ ၃နှစ်လောက်က
နောက်အိမ်ထောင်ပြုခဲ့တာဖြစ်သည်။
သူ အစကတော့ Chanyeol ကိုအလွန်ကိုပဲ
မုန်းမိတာ အမှန်။ လူငယ်သဘာဝအတိုင်း
အရွဲ့တိုက်ခဲ့ပေမယ့် နောက်ပိုင်း Chanyeolသည်
လူကောင်းတစ်ယောက်ဖြစ်ကြောင်း
သိလာပြီးနောက် Jonginလည်း
ပြောင်းလဲလာခဲ့တာဖြစ်သည်။
