ရေခဲသေတ္တာ ကိုကြည့်ရင်း ခေါင်းကုပ်မိပြန်သည်။
အကြောင်းမှာ သူ့ကိတ် ပျောက်သွား၍ဖြစ်သည်။
သူ့Appaမွေးနေ့အတွက် မွေးနေ့ကိတ် ဝယ်ခဲ့တာဖြစ်ပြီး ယခုမရှိတော့ပေ ။
Appa ကတော့စိတ်ဆိုးမှာပဲ
သေချာတာနောက်တစ်ခုက သူ့အတွက်
Eye Linerဝယ်ခိုင်းလိမ့်မည် ><
"ဟာာာ ငါတော့ရူးချင်တာပဲ Eye linerကြီးလည်း သွားမဝယ်ချင်ဘူး
Appaကို ဂျင်းထည့်ဖို့ကလည်း Linerဆိုပြီး
လိမ်ပေးလို့ရမယ့် ခဲတံချွန်ပြီးသားကမရှိ ...
ရှိတဲ့ခဲတံအကုန်လုံးက အတုံးတွေချည်း
အထက်တန်းပြီးတည်းက College ကိုလည်း
မယ်မယ်ရရမတက်။ ထိုအစား သူငယ်ချင်း၂ယောက်နဲ့ပေါင်းပြီး Dance Studioထောင်ကာ musicနဲ့ပတ်သက်၍
သင်တန်းတွေ ပြိုင်ပွဲတွေ လုပ်ရင်းနေလာခဲ့သည်သာ။
ထို့ကြောင့် မိမိထံတွင် ချွန်ပြီးသားခဲတံအစား ခဲသားပင်မမြင်ရတော့သော အတုံးအကျိုးများသာ သောင်တင်နေလေသည်။
Jonginတစ်ယောက် ဒီပြဿ နာကို ဘယ်လိုဖြေရှင်းရမယ်မသိ။
အကူအညီတောင်းရမယ်!!!
"Hello! Paaarkieeee "
phထဲက လူနဲ့မှမလိုက်သည့် Kim Jongin၏ အသံဆိုးကြီးကို ကြားရသည်နှင့် Chanyeolတို့ ရိပ်မိလေပြီ။
"ပြော Kim! ဘာလိုချင်လို့လဲ"
"ကျွန်တော် ပြဿ နာတော့ တက်ပါပြီ "
" Ya Ya မင်းကိုငါ မကူညီနိုင်ဘူးနော်
ငါ့ယောက်ျား မင်းအဖေအကြောင်း သိတယ်မလား"
"Ah Hyung... ဘာတွေလာပြောနေတာလဲ
အဲ့ဒီပြဿ နာမဟုတ်ဘူး..."
"ဟုတ်ပြီ အဲ့ဒါဆိုဘာဖြစ်တာလဲ ပြော"
"ကျွန်တော့်ဆီလာခဲ့ပါလား အဲ့ဒါကပိုကောင်းမယ်"
>>>>>>>>>>>>>>>>>>>>>>>>
ကဲ ၂ယောက်ပေါင်းပြီး ဘယ်လိုဖြေရှင်းကြမလဲနော်
Btw, Kim Jonginတို့ စာကြိုးစားချက်က ㅋㅋㅋㅋㅋ
