အပိုင်း (၁၂)

1.8K 105 12
                                    

At the bar

သူ့သူငယ်ချင်း zion လာခေါ်ပြီးနောက်ကျနော်တစ်ယောက်တည်းအရက်ဆက်သောက်နေခဲ့တယ်။

ဒါပေမယ့် public အခြေနေကြောင့်သိပ်မကြာပါဘူး ပြန်လာခဲ့လိုက်တယ်။

ကျနော်တို့လို model တွေကဒီလိုလူများတဲ့နေရာတွေမှာကြာကြာမနေသင့်ဘူး...သိသွားလို့ online ပေါ်ရောက်ရင်လည်းမကောင်းဘူး...အဲ့တာတောင်စောနကအခြေနေတွေကိုဘယ်သူများမြင်သွားသေးလည်းမသိဘူး.... အိမ်ကိုအမြန်ဆုံးပြန်တာပဲကောင်းပါတယ်လေဆိုပြီးပြန်လာခဲ့လိုက်တယ်...

အိမ်ပြန်ရောက်တော့ hazel ကတော့အိပ်နေပြီ။ သူ့အမေဖြစ်သူကတော့မီးဖိုချောင်ထဲမှာတစ်ယောက်တည်းဝိုင်သောက်နေတယ်။

အသံကြားတော့ကျနော့်ကိုလှမ်းခေါ်လိုက်ပြီး....

"ပြန်လာပြီလား..."

"ဟုတ်..."

"ထိုင်ပါဦး ဘယ်တွေသွားနေတာလဲ..."

"bar..."

"ဪ...ဒါနဲ့.. ညနေကကောင်လေးက...ဘယ်သူလဲ"

"ဘာဖြစ်လို့လဲ"

ဂျွန်နဲ့ဘာဆိုင်လို့သူကမေးရတာလဲ...

သူနဲ့ဘယ်လိုပက်သက်နေလို့လဲ....

"မေးကြည့်တာပါ...သားနဲ့သိတာလား.."

"ဟုတ် သိပါတယ်..."

"ဪ...သူကရော model ပဲလား?"

ဘာလို့ဂျွန်နဲ့ပက်သက်ပြီးအဲ့လောက်သိချင်နေရတာလဲ...

"ဟုတ်တယ်.."

"အဲ့ဒီ agency ကပဲလား..."

"ဟုတ်တယ် ဘာလို့အဲ့လောက်သိချင်နေရတာလဲ..."

"ဒီတိုင်းသူ့ကိုမြင်ဖူးလို့ပါ...မဟုတ်ဖူး...သူ့ကိုတွေ့တာနဲ့တစ်စုံတစ်ခုနာကျင်မှုကိုခံစားလိုက်ရသလိုပဲ"

"ဘယ်လို??"

"ဘာမှမဟုတ်ပါဘူး...မေ့လိုက်ပါတော့..."

ဂျွန်နဲ့ဘယ်လိုတွေပက်သက်နေလို့အဲ့လိုတွေပြောနေရတာလဲ...အရင်တုန်းကဘယ်လိုပက်သက်မှုတွေများရှိခဲ့လို့လဲ...

အတွေးပေါင်းများစွာနဲ့ကျနော်အိပ်မပျော်ခဲ့ဘူး...ဂျွန်မူးနေတုန်းကသူ့ဖုန်းကိုယူပြီး ph no. ယူခဲ့တာကြောင့်ချက်ချင်းဆက်လိုက်မိတယ်။

Love in Hate [Season-1+2]Where stories live. Discover now